ဒီပဲယင်း၆နှစ်ပြည့်အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 01 June 2009

 မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမူ့ကြီး ၆ နှစ်ပြည့်အခမ်းအနားကို ဂျပန်နိုင်ငံရှိ နအဖစစ်ခွန်ရုံးရှေ့တွင် ညနေ၃နာရီမှ ၅နာရီအထိကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဒီပဲယင်းတွင်ကျဆုံးသွားသော ရဲဘော်အပေါင်းတို့အတွက် ၀မ်းနည်းခြင်းအဖြစ် ပန်းစည်းများချခဲ့ပါသည်။

ယနေ့ပြုလုပ်သော ဒီပဲယင်း ၆နှစ်ပြည့်အခမ်းအနားတွင် တတ်ရောက်လာကြသော နိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ မြန်မာအရေးကို အမြဲတမ်းလိုက်ပါကူညီပေးနေသော ဂျပန်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ၀မ်းနည်းခြင်းနှင့်အတူ မြန်မာနိုင်ငံဒီမိုကရေစီရသည်အထိ အတူတကွ ကြိုးစားသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြပါသည်။ ယနေ့အခမ်းအနားကို လူအင်အား၂၀၀ ကျော် တတ်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Photo By: Lian Khan Sum ( CNC Japan )

Trackback(0)
Comments (0)Add Comment

Write comment

busy
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 01 June 2009 )