|
သျှမ်း တိုင်းရင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ပြည်လုံးကျွတ် |
|
ပိုစ့်တင်ပေးသူမှာ Administrator
|
|
Monday, 09 August 2004 |
|
 ရက်စွဲ။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်
သျှမ်းတိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေးနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက်
၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့သည် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်း ဆောင်များအဖမ်းဆီးခံရသည့် မှာ ၃ နှစ်နှင့် ၁ လပြည့်ပြီဖြစ်ပါသည်။ နအဖစစ်အစိုးရ၏ဖမ်းဆီး နှစ်ရှည် ထောင်ဒဏ်ချခံ ခဲ့ရသည်။ သျှမ်းတိုင်းရင်းသားခေါင်းဆောင် များ၏ ကျန်းမာရေး အခြေအနေမှာလည်း လွန်စွာဆိုးဝါးနေလျှက်ရှိပါသည်။ ဤကဲ့သို့လူ့အခွင့်အရေးချိုးဖောက်လျက်ရှိသော နအဖ စစ်အစိုးရ၏ လုပ်ရပ်သည် အလွန်ပင်အောက်တန်းကျလျက်ရှိပါ သည်။ သို့သော် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှ ထောင်ထဲမှာနေ၍ “ ပြည်သူလူထုငြိမ်းချမ်းရေးနှင့် တရား မျှတရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ” ဟူသော စကားသည် နအဖအစိုးရတို့အားပြုတ်ကျစေရန် ကြိုးစားလျှက်ရှိ နေသော ဒီမိုကရေစီအင်အားစု များအတွက် အားတက်စရာပင်ဖြစ်သည်။ ပြည်သူများလိုလားသည့် စစ်မှန်သောဒီမိုကရေစီစနစ်၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ်၊ တန်းတူအခွင့်အ ရေးကို လစ်လျူရူ့လျှက်ရှိသော နအဖစစ်အစိုး၏ တစ်ဖက်သက်အနိုင်ကျင့်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ တရားမျှတမူရှိသည့်အတွက် လုံးဝလက်မခံနိုင်ပါ။
ကုလသမဂ္ဂ နှင့် အိမ်နီးချင်းနိုင်ငံများပါဝင်ပြီး ဦးဆောင်ညှိနှိုင်းကြီးကြပ်ဆောင်ရွက်ကျင်းပမှသာလျှင် တရားမျှတမူရှိ သော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ဖြစ်ပါမည်ဟု ယုံကြည်ပါသည်။ ယခုကဲ့သို့ တဖက်သတ် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်း ပခြင်းမှာ မည်သို့မျှ တရားမျှတမှုရှိမည်မဟုတ်ပါ။ ဤကဲ့သို့ တရားမျှတမူမရှိမသော ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပပြု လုပ်မည်ဆိုပါက ကန့်ကွက်ဆန္ဒမဲပေးခြင်းဖြင့် ပြည်သူလူထု၏ စစ်မှန်သော သဘောထားများကို ရဲရင့်စွာ ဖော်ထုတ်ပေး ကြပါရန် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) မှ တိုက်တွန်းနိုးဆော်လိုက်ပါသည်။ ဆက်လက်၍ ဖမ်းဆီးထိန်းသိမ်းခံထားရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေး အ ကျဉ်းသားများအားလုံး၊ ရဟန်းသံဃာ ကျောင်းသားကျောင်းသူများ အမြန်ဆုံးလွတ်မြောက်ရေး၊ သုံးပွင့်ဆိုင်ဆွေးနွေးရေး အမြန်ဆုံးကျင်းပပေးရန် နအဖစစ်အစိုးရအား နိုင်ငံတကာ အစိုးရအဖွဲ့များမှ တွန်းအားပေးရန် တောင်းဆိုလိုက်ပါသည်။
သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) SHAN NATIONALITIES FOR DEMOCRAY (JAPAN)
Trackback(0)
|
|
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 05 April 2008 )
|