|
၂၁နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံချီတတ်ပွဲ ဂျပန်တိုကျို |
|
|
|
|
ပိုစ့်တင်ပေးသူမှာ နေလ
|
|
Sunday, 09 August 2009 |
|
ဂျပန်နိုင်ငံတိုကျိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့တွင်(၈၈၈၈)အရေးတော်ပုံ၏ ၂၁ နှစ်ပြည့်အဖြစ် လမ်းလျှောက်ချီတတ်ပြခဲ့ကြပါတယ်.. Godanta ပန်းခြံမှ Shinagawa ရှိ မြန်မာစစ်ခွန်ရုံးအနီးနားရှိ ပန်းခြံအထိ လမ်းလျှောက်ချီတတ်ပြခဲ့ကြပါတယ်.. စုစုပေါင်း ဒီမိုကရေစီအင်အား ၁၀၀၀ ကျော်ခန့်တတ်လျှောက်ဆန္ဒပြခဲ့ကြပါတယ်။
Photo By: Lian Khan Sum ( CNC Japan )
Credit By: Soe Aung Win
၂၀၀၉ဩဂုတ်လ၈ရက်။ ။
ယနေ့နေ့လယ် ၂နာရီ၃၀မှ ညနေ ၄နာရီ အချိန် ဂျပန်နိုင်ငံ တိုကျိုမြို့ ဂိုတန်းဒ မြို့နယ် ပန်းခြံမှ ရှိနာဂါဝါ မြို့နယ် နအဖအခွန်ရုံးအနီး ပန်းခြံသို့ ဂျပန် နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီ အင်အားစုများစုပေါင်းချီတက်ဆန္ဒပြပွဲ ပြုလုပ်ခဲ့ပါသည်။၁၉၈၈ခုနှစ်ဩဂုတ်လ၈ရက်မြန်မာနိုင်ငံတွင် တပြည်လုံးအတိုင်းအတာထိ ဖြစ်ပွားခဲ့သော လူထုအုံကြွမှု ကြီးက မဆလ တပါတီ အာဏာရှင်စနစ်ဆိုးကိုနိဂုံးချုပ်
စေနှိုင်ခဲ့ ပါသည်။ထိုလူထု အရေးတော်ပုံကြီး၏ ၂၁နှစ်မြောက် အထိမ်းအမှတ် နှင့်မြန်မာ့ဒီမိုကရေစီရရှိရေးတောင်းဆိုချက် အတွက် ဆန္ဒပြခဲ့ကြခြင်းဖြစ်ပါသည်။ဤ ဆန္ဒပြပွဲသို့ ဂျပန်နိုင်ငံ ရှိ နိုင်ငံရေးအဖွဲ့အစည်း
အသီးသီးမှ၎င်း၊ တိုင်းရင်းသား အဖွဲ့အစည်း အသီးသီးမှ၎င်း၊ဂျပန် ရုပ်မြင်သံကြားဌာန(TBS)သတင်းဌာန များ(REUTER&AP) စသည်တို့မှ၎င်း၊ဂျပန်အလုပ်သမားသမဂ္ဂ(RINGO)စသည်တို့ မြန်မာ့ဒီမိုကရေစီ
အရေး စိတ်ဝင်စားသူ အခြားနိုင်ငံသားများ အပါအဝင် အင်အား တထောင်ကျော် ပါဝင် ဆန္ဒပြခဲ့ကြပါသည်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(လွတ်မြောက်နယ်မြေ)ဂျပန်ဌာနခွဲ၏ အတွင်းရေးမှူးဦးသောင်းမြင့်ဦးမှ
၂၁နှစ်ထိအဖက်ဖက်မှဆုတ်ယုတ်ကျဆင်းလာခဲ့သောမြန်မာနိုင်ငံပြန်လည်ထူထောင်ရေး ဒီမိုကရေစီရရှိရေးတို့အတွက် အမျိုးသားပြန်လည်သင့်မြတ်ရေး၏ အရေးပါမှုကို ရှင်းလင်း ပြောကြားခဲ့ သလို ဦးမိုးသီးဇွန်
(ဒီမိုကရေစီမဟာမိတ်များအဖွဲ့ချုပ်ဥက္ကဌ)နှင့် ဆလိုင်းယောအောင်(ABSDF) တို့ကလည်းမြန်မာနိုင်ငံ လက်ရှိ အခြေအနေများကို ရှင်းလင်းပြောကြားခဲ့ကြပါသည်။ချီတက်ရာလမ်းတလျှောက် ဒီမိုကရေစီအရေးတောင်း
ဆိုချက်များကို သံပြိုင် ရွတ်ဆိုခဲ့ကြပြီး နအဖ အခွန်ရုံး အနီး ပန်းခြံ တွင် စုရုံးခဲ့ရာ JR SORIN အဖွဲ့မှ Mr. YAMADA,( PFB) မြန်မာ့ရေးရာပြည်သူ့အဖွဲ့မှ Mr. WATANABE, AMNSTYမှ Mr. KUMA ZAWA
တို့က မြန်မာ့ ဒီမိုကရေစီအရေး အတွက် ထောက်ခံ ပြောကြားခဲ့ ကြပြီး၊ ကိုမြတ်စိုး (FBFဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်)မှ ၈၈ကျောင်းသားများကိုယ်စား၊မကြည်ပြာဇော်ဝင်း(လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ) စော
ခင်မောင်အေး(ကရင်အမျိုးသားအဖွဲ့ချုပ် ဂျပန်)တို့မှ လူငယ်မျိုးဆက်သစ်များ ကိုယ်စားအသီးသီး ပြောကြားခဲ့ ကြပြီးနောက် ဦးကိုကိုအောင်(JACကိုယ်စား)မှ ယနေ့ တက်ရောက်လာကြသူများကို ကျေးဇူးတင်
ကြောင်းပြောကြားကာ ဆန္ဒပြပွဲ ပြီးဆုံးခဲ့ ပါသည်။
Trackback(0)
|
|
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 09 August 2009 )
|