မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
မမေ့သင့်သော အာဇာနည်နေ့ PDF Print E-mail
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 20 July 2009

အာဇာနည်ဗိမာန်


သြော် အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်း ချို့စေဖို့၊ အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေဆင့်
သောင်းမြန်းမရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံ ပ၀ါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင်။

 သြော် တပည့် အရင်းတွေမို့
က၀ိ မတင်းနိုင်ဘူးကွဲ့
သတိကင်းကာ မျက်ရည်ကျကျပြီး
ခက်ကပြီ လက်ဆည်လို့ မရနိုင်ဘူ့
သောက ဗလောင်ဆူတော့
တောင်ဇမ္ဗူ ပုဂံခေတ်ဆီက
ယခေါင်မူ ယမန် သနစ်တွေပေါ့
ရန်အဖြစ်မကွဲ့ မနှေးသနော် တသောင်းဒီဇမ္ဗူ ရမ်းနေကြ
ကျန်ရစ်ကဲ့မြေးတော် အလောင်းစည်သူရဲ့ နန်းကိုဖြင့်
လူကြမ်းဒမြတွေ ကြမ်းလာရမ်းလာတဲ့ အရေးတွင်မှ
ဘေးအပေါင်းကြီးစွာ ဝေဒနာအစုံနဲ့
သွေးချောင်းစီးကာ သေရှာပုံရဲ့ပြင်
ရွှေမြန်မာဘုံးမှာ အမင်းမင်း သမ္မတတွေနဲ့
သတင်းလှတဲ့ အင်းဝ ရာဇာအမွန် သာလွန်းမင်းကိုမှ
သားရင်း ရှင်တရုတ်ကယ်က
ရှင်ဘုရင်လုပ်မယ် အကျယ်ဇယားတွင်ဖြင့်
ဒ၀ယ်သားတွေ ဗိုလ်ဝင်ခံလို့မို့
ဟိုအရင် ယမန် နန်းတော်စီးစဉ်က
အပျက်ကြီး ပျက်ကာ အသက်ခန္ဓာတွေ ဆုံးပုံနဲ့
တထုံး နောက်တနဲမှာတော့
မင်းနဲ့ ရန္တမိတ် ခမျာမှာတော့ ညီသနင်းပေပေါ့
ပြည်မင်း ဂုဏ်ခံလို့
မှုန်မှုန်ဆန်ဆန် ပုန်ကန်တဲ့ အတိုင်းရဲ့ပြင်
မွန်တိုင်းနယ် ရွှေပြည်တခွင် မတော့
ဓမ္မစေတီဘုရင် လက်ထက်တုန်းဆီက
လက်ရုံးရည် တသိန် လျှမ်းပေတဲ့
သမိန်ပရမ်း ဆိုသူ စစ်ဗိုလ်ချုပ်ကိုဖြင့်
မဟုတ်တရုတ် အကောင် တေလေတစ္တေ ကိုက်တာနဲ့
သြော် ဖွေဖွေရှာရှာ မကျေစရာပေပေါ့နှော
မရေမရာ သေရွာဆိုက်သလိုပေါ့
အခိုက်အခါတူလို့မို့
ဆရာတမူ မကြာ့မကြာလွမ်းရပါတဲ့
ဘမရာအဆူဆူ ကြာကြငှန်းတွေနှင့်
မြန်မာဇမ္ဗူ အညာမန်းတွင်ဖြင့်
ငါတလူ ငါသရမ်းရော့ မဟဲ့လို့
သာခန်း ပလ္လင်ညွှန်းပြီး
မြင်ကွန်းပိုင် သူပုန်ထစဉ်က
ကြုံရသူ မသာတော်နှင့်
ပမာသော် တူတယ်လို့ နှိုင်းမိတယ်
ရိုင်းသူနဲ့ အတိတ် ယခင်လိုနော်ကွယ်
စစ်ကိုင်းတပဲ့ ဂိုဏ်းအဖွဲ့တွေနဲ့
မှိုင်းရဲ့ စိတ်အထင်။

မင်းစိတ်မင်းမာန် အကြံအဖန် တင်းလိုက်ပုံက
အင်္ဂလိပ် ယင်းဂျပန် နှစ်တန် ရှင်းပါလို့
ရန်ခပင်းကိုတဲ့ မောင်းကာနှင်
ဒေါင်းမြန်မာတခွင်မှာဖြင့် အထက်သခင် သဘော
(အိုကွယ်) တကောင်းရာဇ၀င်ကိုတဲ့ ဆက်ချင် သကော၊

နန်းမြို့ တည်ရန်
မှန်းလို့ ရည်ကာသန်တဲ့
ညီလာခံ ဗိုလ်ရှု့ပွဲတွင်မှ
ထိုထို လူ့ခပဲကို မကြည်ညိုတဲ့
ဝသီအလို တဖြည်းဖြည်း ရူးမဟဲ့လို့
တနွေးနွေး မူးမူးပြီး ခွေးဘီလူးလို အကောင်မိုက်တွေက
သြော် အမှောင်စရိုက်ကယ်နှင့်
ပြောင်ပြောင်ပဲ မိုက်မပေါ့လို့
ဗြောင်ကိုက်သဟာမှာ ယာယီ ယတြာအချိန်နဲ့ ဇာတာမှိန်လို့မို့
ဂနာမငြိမ် တာဝတိံ ယွန်းကြပေါ့
ဖြေမကြည် နေရီတော့ လွမ်းစေဖို့
မြန်မာ့ပြည်ပေါ်ကို ဓမ္မစည်တော် ရွမ်းချိန်မို့
အစွမ်းကုန် သည်တခါဖြင့်
ပြည်ရွာ ညီညာဖို့ အလုပ်ပေပေါ့
သုသာန် တံခွန်စောင်းရရှာတဲ့
ရုပ်အကျန် ခုနှစ်လောင်းရယ်နှင့်
အလွန်ကောင်းစွာ ကမ္ဘာတည်မည့်
အာဇာနည် ဗိမာန်ပုထိုးကိုဖြင့်
ပါရမီ အဓိဋ္ဌာန် တမျိုးရယ်နှင့်
ရှိခိုးကာ ဆရာကန်တော့ချင်ပါရဲ့
မြန်မာမတော့ ပူစရာဖို့
တဗျူဟာ အောင်ခမန်းတွင်မှ
လူမသမာ အမှောင်သန်းချိန်မို့
သောင်ကမ်း မို့မို့ဆီက
ဖောင်နန်း ကုတို့နှင့်
အကြေဒဂုံတည်းဟူသော ရေစုန်မျောလေရဲ့
သြော် တောင်နန်းမြောက်နန်း အဆောင်ဆောင်ကြငှန်းနှင့်
အခေါင် မမြန်းရခင်က အောင်ပန်း ညို့ ရရှာတဲ့
အောင်ဆန်းတို့ သေပုံနှမြော။




သခင်ကိုယ်တော်မှိုင်း ( ၁၉၄၇ )

Trackback(0)
Comments (0)Add Comment

Write comment

busy
 
Next >

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 16 ဦး၊ ရောက်ရှိနေပါသည်။