မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
ပင်လုံသက်သေ မွေခံထိုက်စေ PDF Print E-mail
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 05 June 2009

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)


နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။ 

 ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)
နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။
ဆက်လက်ပြီး တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်က ဥက္ကဋ္ဌ၊ တိုင်းမှူးများက အဖွဲ့ဝင်၊ ဒုတိယ တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်၊ တွဲဖက်စစ်ရေးချုပ်၊ တွဲဖက်စစ်ထောက်ချုပ်၊ ညွှန်ကြားရေးမှူး (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံး)၊ ညွှန်ကြားရေးမှူးချုပ် (ကာကွယ်ရေးဝန်ကြီးဌာန၊ ငွေစာရင်း)၊ စစ်ဦးစီးမှူး (ပထမတန်း)၊ ကာကွယ်ရေးဦးစီးချုပ်ရုံး(ကြည်း) တာဝန်ဌာနခွဲ အဖွဲ့ဝင်နဲ့ ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ် များ ညွှန်ကြားရေးမှူးရုံး အတွင်းရေးမှူးနဲ့ တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိ ချုပ်ရုံးမှ စစ်ဦးစီးမှူး (ပထမတန်း)၊ တွဲဖက်အတွင်းရေးမှူးများပါဝင်တဲ့ “အသွင်ကူးပြောင်းရေး လုပ်ငန်း ကော်မတီ” ကိုလည်း ဖွဲ့စည်း ထားပါတယ်။
ဒါ့အပြင် တိုင်းမှူး ဥက္ကဋ္ဌ၊ ဒုတိယတိုင်းမှူး အပါအ၀င် ဦးစီးအရာရှိကြီးများ ပါဝင်တဲ့ အသွင်ကူးပြောင်းရေး “တိုင်းအဆင့် လုပ်ငန်းကော်မတီ” ဆိုပြီးတော့လည်း ဖွဲ့စည်းထားပါသေးတယ်။
ဒါပေမယ့် အဲဒီ ကော်မတီ အဆင့်ဆင့်မှာ အပစ်ရပ် တိုင်းရင်းသား ခေါင်းဆောင်တွေ လုံးဝ ပါဝင်ခွင့်မရှိတာကိုကြည့်ရင် တိုင်းရင်းသားအခွင့်အရေးနဲ့ တန်းတူညီမျှမှုဆိုတာ အိပ်မက်ပမာသာ ရှိနေပါဦးမယ်။
ဖြစ်သင့်တာက နအဖဖွဲ့စည်းထားတဲ့ မူဝါဒကော်မတီ၊ လုပ်ငန်းကော်မတီနဲ့ တိုင်းအဆင့် လုပ်ငန်းကော်မတီတွေအနက် အနိမ့်ဆုံး တိုင်းအဆင့်လုပ်ငန်းကော်မတီမှာ အပစ်ရပ်အဖွဲ့မှ အရာရှိကြီးတချို့ ပါဝင် သင့်ပါတယ်။
ဒါမှသာ ဖြစ်ပေါ်လာမယ့် ဖွဲ့စည်းပုံအရ ပေါင်းစပ်ပြီးရင် လေ့ကျင့်ရေး၊ စီမံခန့်ခွဲရေး၊ အုပ်ချုပ်မှု၊ ဘာသာစကား နားမလည်မှု၊ လူမျိုး၊ ဓလေ့ထုံးစံ ကွဲလွဲမှု၊ စစ်တပ်ရဲ့ လုပ်ထုံးလုပ်နည်း ဥပဒေများဆိုင်ရာ အခက်အခဲ စတာတွေကို ပေါင်းစပ်ညှိနှိုင်းကာ ဖြေရှင်းဖို့ လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။
အပစ်ရပ်တွေ ဖွဲ့စည်းရမယ့် နယ်ခြားစောင့်တပ်ရင်းရဲ့ ဖွဲ့စည်းပုံနဲ့ လက်ရှိနအဖတပ်ရင်းရဲ့ ဖွဲ့စည်းပုံကို လေ့လာနိုင်ဖို့ အောက်ပါအတိုင်း နှိုင်းယှဉ်တင်ပြအပ်ပါတယ်။

နယ်ခြားစောင့်တပ်တတပ်တွင် ရှိရမယ့် ဗိုလ်မှူး (၃) ယောက်အနက် တပ်မှူးနှင့် ဒု-တပ်မှူးများမှာ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပြီး ကျန် (၁) ဦးမှာ နအဖတပ်မှ ဌာနချုပ်တပ်ခွဲမှူး Admin အရာရှိဖြစ်ရမယ်လို့ သိရပါတယ်။
ဒါ့အပြင် တပ်ရေးဗိုလ်ကြီး (၁) ဦးနှင့် တပ်ထောက်ဗိုလ်ကြီး (၁) ဦးတို့မှာလည်း နအဖတပ်မှသာ ဖြစ်ပါတယ်။ တပ်ခွဲမှူးများမှာမူ ငြိမ်းချမ်းရေးအဖွဲ့မှ ဖြစ်ပါတယ်။
နအဖတပ်က အခြားအဆင့် (၂၇) ယောက်အနေနဲ့ တွဲဖက်ပါဝင်ထမ်းဆောင်ရာမှာ ဒု-အရာခံဗိုလ် (ရုံးအုပ်) (၁) ယောက်၊ ဒု-အရာခံဗိုလ် (တပ်ထောက်) (၁) ယောက်၊ တပ်ကြပ်ကြီး (စာရေး) (၈) ယောက်၊ တပ်ကြပ်ကြီး (၆) ယောက်၊ တပ်ကြပ် (၉) ယောက်၊ သူနာပြုကျွမ်းကျင် (၁) ယောက်တို့ ဖြစ်ကြပြီး သူတို့ဟာ နယ်ခြားစောင့်တပ်ရဲ့ အရေးပါတဲ့ နေရာများမှာ တာဝန်ယူပြီး ထမ်းဆောင်ရမှာ ဖြစ်ပါတယ်။
နယ်ခြားစောင့်တပ်နဲ့ ပတ်သက်ပြီး နအဖက အောက်ပါအတိုင်း သတ်မှတ်ထားပါတယ်။
တပ်နေရာချထားရေးနှင့် ပတ်သက်ပြီး နောက်ပိုင်းတွင် ညှိနှိုင်းရန်။
လစာနှုန်းနှင့် ခံစားခွင့်များမှာ တပ်မတော်သားအတိုင်း ဖြစ်မည်။
အဆင့်သတ်မှတ်ရန်ကိစ္စနှင့် ပတ်သက်ပြီး ငြိမ်းချမ်းရေးအဖွဲ့မှ သတ်မှတ်ပေးရန်။
နယ်ခြားစောင့်တပ် (Border Guard Force) အား အစပိုင်း (သင်တန်းကာလ) အတွင်း ပူးပေါင်းကွပ်ကဲသွားမည်။
(Border Guard Force) အား အခြားဒေသသို့ စေလွှတ်ခြင်းမရှိဘဲ ကိုယ့်နယ်အတွင်း၌သာ နယ်ခြားစောင့်တာဝန် ထမ်းဆောင်ရမည်။
စစ်သင်တန်းစလျှင်စချင်း တပ်မတော်သားများ ခံစားခွင့်ရရှိသော (နေထိုင်၊ စားသောက်ရေး၊ မိသားစုလိုင်း) များ ခံစားခွင့်ရမည်။
ယခုအခါ UWSA ၀ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော်အနေနဲ့ နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းခြင်းကို လုံးဝသဘောမတူကြောင်း ပြတ်ပြတ်သားသား နအဖအား ပြန်ကြားခဲ့ပြီးဖြစ်ပါတယ်။
အထူးသဖြင့် ဒေါ်အောင်ဆန်းစုကြည်ကဲ့သို့ ကမ္ဘာသိ မြန်မာ့ခေါင်းဆောင်တဦးအား ယခုလို မတရားသဖြင့် ပြစ်မှုဖန်တီးတဲ့ နအဖကို လုံးဝအယုံအကြည်မရှိပါဟု ၀ ခေါင်းဆောင်တဦးမှ တရားဝင် ထုတ်ဖော် ပြောကြားခဲ့ပါတယ်။ ဒါ့အပြင် ဒီဖြစ်ရပ်ဟာ တိုင်းရင်းသားတွေအတွက် လုံးဝလက်ခံနိုင်စရာမရှိတဲ့အပြင် နအဖကို ပြန်တိုက်ဖို့သာ ရှိတော့ကြောင်းလည်း ပြောကြားလာပါတယ်။
အမိမြန်မာနိုင်ငံတော် လွတ်လပ်ရေးရရှိဖို့ တိုင်းရင်းသားတွေအားလုံးဟာ ဗိုလ်ချုပ်အောာင်ဆန်း ဦးဆောင်တဲ့ ပင်လုံစာချုပ် သက်သေတည်ပြီး စည်းလုံးညီညွတ်စွာနဲ့ တောင်းဆိုတိုက်ပွဲဝင်ခဲ့ကြပါတယ်။ လွတ်လပ်ရေး ရရှိခဲ့ပြီး ပေမယ့် တိုင်းရင်းသားတွေအနေနဲ့ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှုတို့ကို အမှန်တကယ် မရရှိသေးပါ။
ဒါ့ကြောင့် ဖခင်ရဲ့ ကောင်းမွေကို ဆက်ခံပြီး အများပြည်သူလိုလားတဲ့ လွတ်လပ်မှု၊ တန်းတူရည်တူ သာတူညီမျှမှု၊ တရားမျှတမှုတို့အတွက် တိုက်ပွဲဝင်ရင်း အာဏာရူးတွေရဲ့  မတရားဖမ်းဆီး အရေးယူခံနေရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ကယ်တင်စောင့်ရှောက်ကြပါရန် တိုင်းရင်းသားများအားလုံးသို့ အထူးမေတ္တာရပ်ခံ ပန်ကြားအပ်ပါတယ်။

Trackback(0)
Comments (0)Add Comment

Write comment

busy
 
< Prev   Next >

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 17 ဦး၊ ရောက်ရှိနေပါသည်။