မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
အခြေခံ ဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား PDF Print E-mail
ပိုစ့်တင်ပေးသူမှာ နေလ   
Wednesday, 11 February 2009

Orginal Post By: ခွပ်ဒေါင်းမြေ

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ယနေ့ ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နအဖ က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် အနုနည်း၊ အကြမ်းနည်းများဖြင့် စည်းရုံး သိမ်းသွင်းနေသည့်အပေါ် SSA-S က ဝေဖန် ပြောကြားခြင်း ဖြစ်သည်။

"နအဖ က သူ့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့ ကြိုးစားနေတာ။ တိုင်းရင်းသား အဖွဲ့တွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နအဖ ရေးထားတဲ့ အခြေခံဥပဒေက ပြည်သူတွေရဲ့ သဘောထားဖြစ်တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ သဘောထားမပါဘူး။ အပစ်ရပ်စဲရေးတွေ စုပေါင်းပြီး အခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ လိုချင်တဲ့အချက်တွေ တင်ပြတယ်ဆိုပေမယ့် ရတာမရှိဘူး။ ဒီအခြေခံ ဥပဒေကို မူတည်ပြီး ရွေးကောက်ပွဲလုပ်မှာ ဖြစ်လို့ တိုင်းရင်းသားတွေက လက်ခံနိုင်မှာ မဟုတ်ဘူး" ဟု SSA-S လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း သူက ပြောသည်။

သူက ဆက်၍ "ပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပေးရမယ်။ နောက်တဆင့်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတော့ အခြေခံ ဥပဒေအသစ် ပြန်လည် ရေးဆွဲရမယ်။ ဒါဆိုရင် အဖွဲ့အစည်း အားလုံးကလည်း လက်ခံနိုင်တဲ့ သဘောမျိုးဖြစ်ပြီးတော့ နိုင်ငံရေး ပြဿနာတချို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်" ဟု ဆိုသည်။

ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ၆၂ နှစ်မြောက် "ရှမ်းပြည်အမျိုးသားနေ့" ကို SSA-S ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် SSA-S ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS) က ဦးစီး ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသော်လည်း ရှမ်းပြည်သူများသည် စစ်မှန်သည့် လွတ်လပ်ရေးမရဘဲ စစ်အာဏာရှင်စနစ်အောက်တွင် ဖိနှပ်ခံနေရဆဲ ဖြစ်ကြောင်းနှင့် လက်ရှိပြည်ထောင်စုသည် အတုအယောင် ပြည်ထောင်စုသာ ဖြစ်ပြီး မိမိတို့ အခွင့်အရေး ရရန်အတွက် စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း SSA-S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးယွက်စစ်က အဆိုပါပွဲ၌ ပြောကြားခဲ့သည်။

ပွဲသို့ သံဃာတော်များ၊ ရှမ်းလူထုများ၊ SSA-S အဖွဲ့ တာဝန်ရှိသူနှင့် တပ်ဖွဲ့ဝင်များ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝအမျိုးသားအဖွဲ့ WNO၊ လားဟူအဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ ကိုယ်စားလှယ်များ စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2400----ssa--.html

 

Trackback(0)
Comments (0)Add Comment

Write comment

busy
 
Next >

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 8 ဦး၊ ရောက်ရှိနေပါသည်။