|
ပိုစ့်တင်ပေးသူမှာ နေလ
|
|
Saturday, 10 January 2009 |
|
မိုးတွေရွာနေလဲ ဦးခွန်ထွန်းဦးနဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ တောင်းဆိုကြ
ယနေ့ ဇန်န၀ါရီလ ၉ ရက်နေ့ပေါ့..။
လစဉ်လတိုင်း ၉ ရက်နေ့ရောက်ပြီဆိုရင် စိုင်းတို့ရဲ့ သျှမ်းခေါင်းဆောင်
ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက်
တောင်းဆိုဆန္ဒပြနေပါတယ်။ ဒီနေ့ကတော့ ဂျပန်ရာသီဥတုက
နှင်းကျမယ်လို့ပြောထားပေမယ့်၊ နှင်းအစား မိုးတွေဘဲရွာချလာပါတယ်။
အေးအေးချမ်းချမ်း မိုးရေထဲမှာ စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက်
ကြိုးပမ်းပေးနေတဲ့ခေါင်းဆောင်ကြီးတွေကိုဖမ်းဆီးထားလို့
အမြန်ဆုံးပြန်လွတ်ပေးရေးအတွက် ကမ္ဘာ့ကုလသမ္မကရုံးရှေ့မှာ ညနေ၃နာရီမှ ၄ နာရီအထိ
စုရုံးတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရေး ရဲဘော်အပေါင်း အယောက် ၈၀
ကျော်တတ် ရောက်ခဲ့ကြပါတယ်။ မိုးရေတွေနဲ့ချမ်းအေးနေပေမယ့်
ခေါင်းဆောင်ကြီးတွေ လွတ်မြောက်စေဖို့အတွက် ဘယ်လိုဘယ်ပုံလုပ်သင့်တယ်၊
လူငယ်တွေကလည်း ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို
အနာဂတ်မျိုးဆက်အနေနဲ့ ဆက်လုပ်သွားဖို့ တက်ကြွစွာလုပ်ဆောင်ကြဖို့
နိုင်ငံရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ပြောကြားခဲ့ ပါတယ်။
ဒီနေ့ကျင်းပခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေပါ။
Trackback(0)
|
|
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 10 January 2009 )
|