Orginal Post By: AUN Japan
မြန်မာနိုင်ငံသား ဒုက္ခသည်များ ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ အကျဉ်းစခန်းတွင် အမြောက်အများဖမ်းဆီးခံနေရပါသည်။ ၎င်းအကျဉ်းသားများကို မြန်မာအစိုးရနှင့် ဘင်္ဂလားဒေ့ရှ်အစိုးရများက လစ်လျူရှု့ထားနေပါသည်။ ထိုဒုက္ခသည်များသည်
လွတ်ရက်စေ့သော်လည်း ကူညီမယ့်သူမရှိ၊ ကယ်တင်မဲ့သူမရှိကြ၍ အကျဉ်းထောင်ထဲတွင် နှစ်ရှည်လများ ဆက်လက် ထိန်းသိမ်းခံနေရပါသည်။ နေ့စဉ်နဲ့အမျှ အစာရေစာများကို မသေယုံတမည် ကျွေးပြီး ဆေးဝါးနှင့် အ၀တ်အစားများမှာလည်း လုံလောက်မူ့မရှိ အရမ်းကိုဒုက္ခရောက်နေပါတယ်။ မျှော်လင့်ချက်ကင်းမဲ့ပြီး စိတ်ဝေဒနာခံစားနေရသူများ အများအပြားရှိပြီး တချို့မှာ ကိုယ့်ကိုယ်ကို သတ်သေကြသူများ လည်းရှိပါတယ်။ ဒီမြန်မာနိုင်ငံသား ဒုက္ခသည်များကို ကယ်တင်ကြဖို့အတွက် အထူးမေတ္တာရပ်ခံချင်ပါတယ်။ လူသားချင်း စာနာထောက်ထားစွာဖြင့် သူတို့တွေပြန်လည်အသက်ရှင်ခွင့်ရရှိနိုင်ဖို့အတွက် တတ်နိုင်တဲ့ဘက်က အမြန်ဆုံးကယ်တင် ကူညီကြဖို့ အလေးအနက် နိုးဆော်အပ်ပါတယ်။ ထိုမြန်မာနိုင်ငံသားများဟာ ငါးဖမ်းသင်္ဘော၊ စက်လှေမှ ဖမ်းဆီးခံရသူများ၊ နယ်ကျော်အဖမ်းခံရသူများ၊ ဗီဇာရက်လွန် သူများ၊ နိုင်ငံရေးအရ ထွက်ပြေးလာတဲ့ မြန်မာနိုင်ငံသားများဖြစ်ကြပါတယ်။ သူတို့တွေဟာ ပြစ်မှုကျူးလွန်သူများမဟုတ်ကြပေ။။။။။
အပြည့်အစုံစာရင်းကို ဒီမှာဒေါင်းလုပ် လုပ်ယူနိုင်ပါသည်။
Mirror : ဒီမှာလည်းဒေါင်းလုပ် လုပ်နိုင်ပါတယ်။
Write the displayed characters