မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
နောက်ထပ် ကုလ ရဟတ်ယာဉ် ၅ စင်းကို မြန်မာပြည်ထဲ ၀င်ခွင့်ပြုပြီ PDF Print E-mail
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 June 2008

Post By: မုံပီး (မဇ္ဈိမသတင်း)

နယူးဒေလီ။     ။ ကုလသမဂ္ဂ စားနပ်ရိက္ခာ အစီအစဉ်အဖွဲ့၏ ရဟတ်ယာဉ် နောက်ထပ် ၅ စင်းကို ဆိုင်ကလုံးဒဏ်ခံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသ ကယ်ဆယ် ထောက်ပံ့ရေး လုပ်ငန်းများတွင် အသုံးပြုရန် မြန်မာ အာဏာပိုင်များက ခွင့်ပြုလိုက်ပြီ ဖြစ်သည်။

အနည်းငယ်ပင် အချိန်နှောင်းမှ ပေါ်ထွက်လာသော ခွင်ပြုချက်အရ ထိုင်းနိုင်ငံ ဘန်ကောက်တွင် ရပ်နား စောင့်ဆိုင်းနေရသော ရဟတ်ယာဉ် ၉ စင်းအနက်မှ ၅ စင်းသည် သောကြာနေ့တွင် မြန်မာနိုင်ငံသို့ ပျံသန်းမည် ဖြစ်ကြောင်း စားနပ်ရိက္ခာ အဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အီဒစ် ရှန်ပိန်းက ပြောကြားလိုက်သည်။

"စီစဉ်ထားတဲ့အတိုင်း အဆင်ပြေ ချောချောမွေ့မွေ့ဖြစ်ပြီး ရာသီဥတု ကောင်းမွန်မယ်ဆိုရင် မနက်ဖြန် မနက်ကို ငါးစင်း (ရဟတ်ယာဉ်) ထွက်ခွာမှာ ဖြစ်တယ်" ဟု ရှန်ပိန်းက မဇ္ဈိမသို့ ပြောသည်။

ရန်ကုန်တွင် ရပ်နားထားသော ယခင်က ကြိုရောက်နေသည့် ရဟတ်ယာဉ် တစင်းသည်လည်း အာဏာပိုင်များ၏ ခွင့်ပြုချက် ရရှိပြီးနောက် မြစ်ဝကျွန်းပေါ်သို့ ပျံသန်းနေခဲ့သည်ဟု သူမက ပြောသည်။

တင်္နလာနေ့မှစ၍ အဆိုးရွားဆုံး ဒဏ်ခံခဲ့ရသည့် မြစ်ဝကျွန်းပေါ် ဒေသသို့ ထောက်ပံ့ပစ္စည်းများ တင်ဆောင်ကာ အနည်းဆုံး လေးကြိမ် ပျံသန်းခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။...........
 

 မုန်တိုင်းမှ သေကံမရောက် သက်မပျောက်ခဲ့သူများကို ထောက်ပံ့ရန် ကုန်ပစ္စည်းများ အပါအ၀င် ကုန်တင် ရဟတ်ယာဉ် ၁၂ စင်းနှင့် စစ်သား ၅ ထောင်ကျော်ပါသည့် အမေရိကန် စစ်သင်္ဘော USS Essex ဦးဆောင်သော ရေတပ်သင်္ဘော လေးစင်းကို မြန်မာ့ကမ်းလွန် အနီးမှ ဆုတ်ခွာ တော့မည်ဟု အမေရိကန်က ကြေညာခဲ့ပြီးနောက် စစ်အစိုးရ၏ ယခုခွင့်ပြုချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အကြိမ်ကြိမ် ကြိုးစားခဲ့သော်လည်း မြန်မာ စစ်အစိုးရက ခွင့်မပြုသဖြင့် သုံးပတ်ကျော်ကြာ စောင့်ဆိုင်းနေပြီးမှ USS Essex သင်္ဘောအုပ်စုသည် ထိုင်းကမ်းလွန်သို့ ပြန်လည် ရွှေ့ပြောင်းတော့မည် ဖြစ်ကြောင်း အမေရိကန်က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်။

ကုလသမဂ္ဂ၏ အဆိုအရ ဆိုင်ကလုံးဒုက္ခသည် ၂.၄ သန်းအနက် ၁ သန်းကျော်မှာ အထောက်အပံ့ အကူအညီ တစုံတရာ မရသေးဟု ဆိုသည်။

ဆက်သွယ်ရေးနှင့် ကူးသန်း ပို့ဆောင်ရေး အခက်အခဲကြောင့် ဆိုင်ကလုံးဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ကျေးရွာ အများအပြားသို့ အကူအညီများ မရောက်ခြင်းဖြစ်ကြောင်း ကယ်ဆယ်ရေး လုပ်သားများက ပြောကြသည်။

လပွတ္တာမြို့တွင် ထောက်ပံ့ရေး ပစ္စည်းများ ဖြန့်ဖြူးပေးရာတွင် ကိုယ်တိုင်ပါဝင်ခဲ့သူ ရန်ကုန်အခြေစိုက် ကယ်ဆယ်ရေး လုပ်သားတဦးက ဝေးလံ ခေါင်ဖျားရှိ ကျေးရွာသားများက သူတို့ အနေဖြင့် အကူအညီ မရရှိကြသေးကြောင်း ပြောပြပြီး အကူအညီ တောင်းခံမှုများ ရှိနေသည်ဟု ဆိုသည်။

"ပြောရရင်တော့ သူတို့တွေ ဘယ်အကူအညီမှ မရကြသေးဘူး။ ဘာဖြစ်လို့လည်းဆိုတော့ လမ်းပန်း ဆက်သွယ်ရေး ခက်ခဲလို့" ဟု ကယ်ဆယ်ရေး လုပ်သားတဦးက မဇ္ဈိမသို့ တင်္နလာနေ့က ပြောသည်။

 

Trackback(0)
Comments (0)Add Comment

Write comment

busy
 
< Prev   Next >

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 9 ဦး၊ ရောက်ရှိနေပါသည်။