မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
ကန့်ကွက်မဲများတဲ့ သျှမ်းပြည်မြောက်ပိုင်း PDF Print E-mail
ပိုစ့်တင်ပေးသူမှာ နေလ   
Saturday, 17 May 2008

 

 ကန့်ကွက်မဲ များလွန်းလို့ အကြိမ်းခံရသည့် ရှမ်းပြည်မြောက်ပိုင်း ရယကများ

ဆက်ပွား

 

ရှမ်းပြည်ဈေး မနက်ခင်းတခု

မူဆယ်မြို့နယ်နှင့် နမ်းခမ်းမြို့နယ်တို့တွင် ၂၀၀၈-ဖွဲ့စည်းပုံဆန္ဒခံယူပွဲမဲပေးရာမှာကန့်ကွက်မဲတွေ များနေလို့ ဒေသခံအာဏာပိုင်တွေမှ ကန့်ကွက်မဲပေးတာများနေသောရပ်ကွက်ဥက္ကဌများကိုခေါ်ယူကြိမ်းခြင်းနှင့် ဖမ်းဆီးမှုတွေလုပ်ခဲ့တယ်လို့ သိရပါတယ်။ နောင်လောင်းဥက္ကဌကို ဖမ်းတယ်တဲ့။ ကြက်ခြေခတ်ထည့်တာ များလွန်းလို့တဲ့ အခုထိ ဥက္ကဌမလွတ်သေးဘူး။ ဥက္ကဌကို မေးတယ်တဲ့ မင်းတို့ ဘယ်လို နှိုးဆော်ထားသလဲပေါ့။ နောက်ပြီးတော့ နမ့်ခမ်းမှာလည်း ဦးပဉ္ဇင်းတွေ ကန့်ကွက်မဲပေးဖို့ နှိုးဆော်တယ်ဆိုပြီး အာဏာပိုင်တွေက ပြဿနာ ရှာနေတယ်။။

မူဆယ်မြို့နယ်ကရွာတွေမှာတော့ ကန့်ကွက်မဲအများစုပဲရလို့ ရယက ဥက္ကဌများကို မူဆယ်မယကဥက္ကဌ ဦးညွန့်ဟန်မှ မဲပေးရက်ညမှာ အရေးပေါ်ခေါ်ယူ ကြိမ်းမောင်းခဲ့တယ်လို့ သိရပါတယ်။။

မယကဥက္ကဌ ဦးညွန့်ဟန်မှ လားရှိုးရှိ ပယကဥက္ကဌကို မူဆယ်မြို့နယ်အတွင်း ထောက်ခံမဲ(၈၀)ရာခိုင်နှုန်းရစေမယ်လို့ ပြောထားခဲ့ခြင်းမှာ မကိုက်ညီလို့ မူဆယ်မြို့နယ်အတွင်းမှ ကန့်ကွက်ဆန္ဒမဲပေးသောရပ်ကွက်ဥက္ကဌတွေကိုခေါ်ယကြိမ်းခဲ့တယ်လို့ သိရပါတယ်။။

“တရုတ်မတွေ အချို့တွေက လျှောက်ပြီးမှ ရေးတယ်။ တချို့ကျတော့လဲ ကိုယ့်နာမည် လျှောက်ရေးရင် ရေးကြတာ။ မသိဘူး။ တချို့က တော်တော်ကြီးကို ဘာမှ နားမလည်ကြဘူး။ တချို့ကျတော့လဲ ဘာမှ မရေးဘဲနဲ့ ဒီတိုင်း သွားထည့်လာတယ်၊ စ သုံးလုံးတွေလာတယ်၊ အချို့ ရှမ်းတွေက ဘယ်လိုလုပ်လဲဆိုတော့ ဒီနေ့မှာ ဓါတ်ပုံ တပုံထွက် လာတာက မိုင်းဖုန်း ဆရာတော်က ကြက်ခြေခတ်လုပ်ပြီးမှ တရားထိုင်တဲ့ပုံ ပုံကိုလိုက်ဝေကြတယ်၊ မူဆယ်မြို့နယ်ထဲက နောင်လောင်းရွာ ကျေးရွာအုပ်စု မနက်အစောကြီးတုန်းက ပြီးသွားတာ ငါးပုံမှာ တပုံဘဲ အမှန်ခြစ်ရတယ် ပြောတယ်၊”

မူဆယ်မြို့၊ ဟိုမွန်ရပ်ကွက်တွင် ကြံ့ဖွတ်တယောက်ထဲမှ အမှန်ခြစ်မဲ(၁၀)စောင်ခြစ် ထည့်သွားတာကိုလည်း ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်အဖွဲ့ခွဲမှ အရေးယူဆောင်ရွက်ခြင်းမရှိဘူးလို့ သိရပါတယ်။။


မြို့ခံများ၏ ပြောပြချက်များအရ
မူဆယ်မြို့ပေါ်ရပ်ကွက်အချို့ ထောက်ခံ/ ကန့်ကွက်မဲ အခြေအနေ


မူဆယ်မြို့နယ်

မဲပေးခွင့်ရှိသူ ၃၃၆၂၉
ကန့်ကွက်မဲ ၁၁၀၀၆
ထောက်ခံမဲ ၁၉၉၁၈
ပယ်မဲ ၂၇၀၅

ရပ်ကွက်                  ကန့်ကွက်မဲ   ထောက်ခံမဲ         ပယ်မဲ မှတ်ချက်
ဟိုမွန်                            ၂၀၈၄             ၄၅၅၁
ကောင်းမုတုံ                      ၆၁၁              ၉၄၂
ဟိုနား                               ၇၅             ၁၁၂၂
ခရစ္စယာန်                        ၃၅၀             ၁၅၅၀
တောင်                             ၈၈၃            ၂၂၄၃              ၂၀၄
ဈေး                                 ၄၈၂            ၁၀၀၂               ၉၅                        ၁၄၄ ပျက်ကွက်

မူဆယ်မြို့နယ် ဆယ်လန့်ကျေးရွာတွင် ကန့်ကွက်မဲ တထောင်ကျော်။ ထောက်ခံမဲ သုံးရာကျော် ရရှိသည်ဟု သိရသည်၊

နမ့်ခမ်းမြို့နယ်

မဲပေးခွင့်ရှိသူ          ၂၂၉၆၀
ကန့်ကွက်မဲ            ၁၈၀၉၇
ထောက်ခံမဲ              ၄၁၃၆
ပယ်မဲ                      ၇၂၇

ကြုကုတ်- ပန်ဆိုင်းမြို့နယ်

မဲပေးခွင့်ရှိသူ ၂၆၈၈
ကန့်ကွက်မဲ       ၆၇
ထောက်ခံမဲ  ၂၆၀၀
ပယ်မဲ           ၂၁

 

post by: ဟစ်တိုင်

Trackback(0)
Comments (0)Add Comment

Write comment

busy
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Tuesday, 20 May 2008 )
 
< Prev   Next >

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 10 ဦး၊ ရောက်ရှိနေပါသည်။