|
ရက်စွဲ ။ ၂၃၊ ၁၂၊ ၂၀၀၇ စာအမှတ် ။ ၀၂/၀၇ ရည်ရွယ်ချက်
၁။ မြန်မာနိုင်ငံအတွင်း စစ်မှန်သော ဒီမိုကရေစီရရှိရေးနှင့် ဖယ်ဒရယ်မူစနစ် ပေါ်ပေါက်စေရန်။ ၂။ မိမိတို့၏ စာပေနှင့်ယဉ်ကျေးမူ့ကို မတိမ်ကော၊ မပပျောက်စေအောင် ထိန်းသိမ်းမြှင့်တင်ရန်။ ၃။ ပြည်တွင်းပြည်ပရှိ ဒုက္ခရောက်နေသော တိုင်းရင်းသားများအားလုံးကို ကူညီထောက်ပံ့ရန်။ ၄။ အခြေခံကျသောလူ့အခွင့်အရေးများအားလုံး တန်းတူညီမျှရှိစေရန်။ ၅။ ကမ္ဘာတစ်ဝှမ်းရှိ သျှမ်းတိုင်းရင်းသားများနှင့် ပူးပေါင်းညှိနိုင်းဆောင်ရွက်သွားရန်။ ၆။ ဂျပန်လူမျိုးများ နှင့်တကွ ကမ္ဘာတစ်ဝှမ်းနှင့်ပါ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်သွားနိုင်စေရန်။
လုပ်ငန်းစဉ်
၁။ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများနှင့် ပူးပေါင်းဆောင်ရွက်သွားရန်။ ၂။ ဖမ်းဆီးထိန်းသိမ်း ခံထားရသော ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး နှင့် နိုင်ငံရေးခေါင်းဆောင်များ၊ ရဟန်းသံဃာများ၊ ကျောင်းသား၊ ကျောင်းသူများအား ချွင်းချက်မရှိ ပြန်လွတ်ပေးရေးနှင့် သုံးပွင့်ဆိုင်ဆွေးနွေးပွဲ ပေါ်ပေါက်လာစေရန် အဖက်ဖက်မှ မြန်မာစစ်အစိုးရကို တွန်းအားပေးရန်။ ၃။ မြန်မာနိုင်ငံတွင် စစ်မှန်သော ဒီမိုကရေစီစနစ်ပေါ်ပေါက်လာစေရန် ကမ္ဘာ့နိုင်ငံအသီးသီးနှင့်တကွ ဂျပန်နိုင်ငံအပါအ၀င် တွန်းအားပေးမူ့များပေါ်ပေါက်လာစေရန်။ ၄။ မြန်မာပြည် ဒီမိုကရေစီရရှိသည်အထိ ဂျပန်မှနေ၍ SND ( JAPAN ) အဖွဲ့အစည်းအနေဖြင့် ငြိမ်းချမ်းစွာလှုပ်ရှားဆောင်ရွက်သွားရန်။
သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ ( ဂျပန် ) |