|
|
ဦးခွန်ထွန်းဦး ၆၅ နှစ်ပြည့် မွေးနေ့တွင် SND Japan မှ သဘောထား ကြေငြာချက် |
|
|
|
|
ပိုစ့်တင်ပေးသူမှာ နေလ
|
|
Thursday, 11 September 2008 |
|
သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး ၆၅ နှစ်ပြည့် မွေးနေ့တွင် ထုတ်ပြန်သော သျှမ်းတိုင်းရင်းသားများ
ဒီမိုကရေစီအဖွဲ့ (ဂျပန်) မှ သဘောထား ကြေငြာချက်
PDF ဖိုင်ဖြင့်ဖတ်ရူ့နိုင်ပါသည်။ (မြန်မာဘာသာ)

PDF ဖိုင်ဖြင့်ဖတ်ရူ့နိုင်ပါသည်။ ( Japan )
|
|
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 11 September 2008 )
|
|
|
သျှမ်း တိုင်းရင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ပြည်လုံးကျွတ် |
|
|
|
|
ပိုစ့်တင်ပေးသူမှာ Administrator
|
|
Monday, 09 August 2004 |
|
 ရက်စွဲ။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်
သျှမ်းတိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေးနှင့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက်
၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့သည် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်း ဆောင်များအဖမ်းဆီးခံရသည့် မှာ ၃ နှစ်နှင့် ၁ လပြည့်ပြီဖြစ်ပါသည်။ နအဖစစ်အစိုးရ၏ဖမ်းဆီး နှစ်ရှည် ထောင်ဒဏ်ချခံ ခဲ့ရသည်။ သျှမ်းတိုင်းရင်းသားခေါင်းဆောင် များ၏ ကျန်းမာရေး အခြေအနေမှာလည်း လွန်စွာဆိုးဝါးနေလျှက်ရှိပါသည်။ ဤကဲ့သို့လူ့အခွင့်အရေးချိုးဖောက်လျက်ရှိသော နအဖ စစ်အစိုးရ၏ လုပ်ရပ်သည် အလွန်ပင်အောက်တန်းကျလျက်ရှိပါ သည်။ သို့သော် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှ ထောင်ထဲမှာနေ၍ “ ပြည်သူလူထုငြိမ်းချမ်းရေးနှင့် တရား မျှတရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ” ဟူသော စကားသည် နအဖအစိုးရတို့အားပြုတ်ကျစေရန် ကြိုးစားလျှက်ရှိ နေသော ဒီမိုကရေစီအင်အားစု များအတွက် အားတက်စရာပင်ဖြစ်သည်။ ပြည်သူများလိုလားသည့် စစ်မှန်သောဒီမိုကရေစီစနစ်၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ်၊ တန်းတူအခွင့်အ ရေးကို လစ်လျူရူ့လျှက်ရှိသော နအဖစစ်အစိုး၏ တစ်ဖက်သက်အနိုင်ကျင့်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ တရားမျှတမူရှိသည့်အတွက် လုံးဝလက်မခံနိုင်ပါ။ |
|
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 05 April 2008 )
|
|
|