မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
ဆန္ဒခံယူပွဲကန့်ကွက်မဲထဲ့သူများ..
ပိုစ့်တင်ပေးသူမှာ နေလ   
Tuesday, 08 April 2008

ဧပြီလ ၈ ရက် ၂ဝဝ၈

မေလလူထုဆန္ဒခံယူပွဲ၌ထောက်ခံမဲမထည့်မနေရကန့်ကွက်မဲထဲ့သူများရှိခဲ့ပါကမည်သူမည်ဝါဖြစ်ကြောင်းခေါ်ယူ စစ်ဆေး မေးမြန်းမည် ဟုသျှမ်းပြည် မြောက်ပိုင်း နမ့်ခမ်းမယကဥက္ကဌကရပ်ကွက်/ကျေးရွာအုပ်စု ဥက္ကဌများအားမယကရုံးသို့ အစည်းအဝေးဆင့်ခေါ်စဉ်ခြိမ်း ခြောက်ပြောဆိုခဲ့ကြောင်း တရုပ်နယ်စပ် သတင်းရပ်ကွက်ကဆိုသည်။ ပြီးခဲ့သည့် မတ်ခ်ျ၃၁ရက်နေ့ခင်း ၂ နာရီမှ ညနေ ၃နာရီအထိ မယကဥက္ကဌ ဦးတင်လှိုင် မှာမဲ့တွင်းမဲ့ပြင် ရပ်ကွက်နှင့် အုပ်စု ၃ဝ ကျော် မှ ရပ်ကွက်၊ ကျေးရွာ၊အုပ်စုဥက္ကဌ အယောက် ၃ဝ ခန့်အားနမ့်ခမ်းမယကရုံးသို့အစည်းအဝေးဆင့်ခေါ်၍ ထိုကဲ့သို့ ခြိမ်းခြောက် ပြောဆိုခြင်း ဖြစ် သည်ဟုဆို၏။ “အစည်းအဝေး မှာ ဦးတင်လှိုင် က - လာမဲ့မေလမှာ အခြေခံဥပဒေမူကြမ်းအတွက် လူထုဆန္ဒခံယူပွဲ မှာမဖြစ်မနေ မဲ သွားထဲ့ဖို့ အားလုံး ပြင်ဆင်ထားကြပါ၊ ဆိုပြီး မဲထဲ့နည်းအကြောင်း၊မဲရုံ စောင့်မည့် မဲ့နယ်/ ရပ်ကွက် ကော်မရှင်ခွဲ အဖွဲ့ဝင်တွေ ရွေးချယ်ရေး အကြောင်း တွေပြော သွားတယ်” ဟု နမ့်ခမ်း ဒေသခံ တစ်ဦးကပြောပြသည်။

၎င်းက“တကယ်လို့ကန့်ကွက်မဲထဲ့သူရှိခဲ့ရင်ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာခေါ်ယူစစ်ဆေးမယ်-ဆိုပြီးခြိမ်းခြောက်လိုက်သေးတယ်” ဟု ဆက်ပြောပြ၏။ နမ့်ခမ်း မယက ဥက္ကဌ ဦးတင်လှိုင်က လူထုဆန္ဒခံ ယူပွဲ၌ ထောက်ခံမဲထဲ့ကြရန် တတွင်တွင် ပြောနေသော်လည်း ဒေသခံ လူထုများ စိတ်ဝင်စား မှုမရှိကြကြောင်း၊  အစည်းအဝေးတွင် အိပ်ငိုက်နေ သူများ ရှိသကဲ့သို့ ယခုချိန် အထိ ဆန္ဒခံယူပွဲ နှင့် ရွေး ကောက် ပွဲ အကြောင်းသေချာ သဲကွဲစွာ မသိသေး သူများလည်း ရိုသေး ကြောင်းသိရ၏။ ထိုအစည်း အဝေးအပြီး ဦးတင်လှိုင်သည်နမ့်ခမ်း အထက(၁)ကျောင်းသို့ သွားပြီး မဲရုံထောင် မည့်နေရာ သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့သေးကြောင်း နမ့်ခမ်း ဒေသ ခံထံမှသိရသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Wednesday, 09 April 2008 )
 
SSA ကင်းလှည့်စစ်ကြောင်း နှင့် နအဖ တပ် တိုက်ပွဲဖြစ်
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 06 April 2008

မတ်ခ်ျလ ၂၉ ရက် မွန်းလွဲပိုင်းက SSA သစ်တောထိန်းသိမ်းရေးတပ်ဖွဲ့မှ  စစ်ကြောင်းတစ်ကြောင်းသည်  သျှမ်းပြည် တောင်ပိုင်း နမ့်စန် ဧရိယာသို့ ကင်းလှည့်စဉ် နအဖစစ်ကြောင်းနှင့်ဆုံမိ၍ ၂ နာရီခန့်အကြာ တိုက်ခိုက်မှုဖြစ်ပွားခဲ့ ကြောင်း သျှမ်းပြည်တောင်ပိုင်းသတင်းရင်းမြစ်ကဆိုပါသည်၊

SSA သစ်တောထိန်းသိမ်းရေးအဖွဲ့မှ ဒုဗိုလ်စိုင်းလှိုင်သည် စစ်အင်အား ၁၉ ယောက်နှင့်အတူ သျှမ်းပြည် တောင်ပိုင်း နမ့်စန်မြို့နယ် ၀မ့်နောင်အုပ်စု ၀မ့်နောင်ရွာအနီးတစ်ဝိုက် တောတောင်များထဲ ကင်းလှည့် စစ်ဆေးခဲ့သည်။ ယင်းအချိန်တွင် သစ်ခိုးဖြတ်ကာ ထော်လာဂျီပေါ်တင်နေသည့် အဖွဲ့တစ်ဖွဲ့အားတွေ့ရှိ စစ်ဆေးမေးမြန်းနေချိန် နမ့်စန် အခြေစိုက် ခလယ ၅၁၆ မှ ဗိုလ်ကြီးမြင့်လွင် ဦးစီးသည့် အင်အား ၄၀ စစ်ကြောင်းတစ်ကြောင်းနှင့်တိုးရာ ထိုနေရာ၌ တိုက်ခိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဆိုပါသည်။

ပစ်ခတ်တိုက်ခိုက်ချိန် မွန်းလွဲပိုင်း ၁၂း ၁၅ နာရီမှ ၁၄း ၁၅ နာရီထိ ။ ၂ နာရီ ခန့်ကြာသောအခါ ၂ ဘက်စလုံး တပ်ဆုတ်ခဲ့ကြသည်ဟုဆို၏။  တိုက်ခိုက်မှုဖြစ်ပွားပြီးနောက် SSA စစ်ကြောင်းကတိုက်ပွဲနေရာသို့ ပြန်လည်စစ်ဆေးရာ  (ဗိုလ် ၁ လောင်း၊ အရာခံဗိုလ် ၁ လောင်း၊ တပ်ကြပ်ကြီး ၁ လောင်း၊ တပ်ကြပ် ၁ လောင်းအပါအ၀င်)နအဖ စစ်သား အလောင်း ၁၀ လောင်း တွေ့ရပြီး ၈ ယောက်ဒဏ်ရာရသည်ဟု ဒေသခံများထံမှ ပြန်လည်ကြားသိရကြောင်း ထို သတင်းရင်းမြစ်က ဆို၏။

“နအဖ စစ်ကြောင်းဆီက 9 MM  ပစ်စတို  ၁ လက် (နံပါတ်- ၄၆၂၂၆)။ 9 MM ကျည်ဆံ ၈ တောင့်။ ကျည်ကတ် ၁ ကတ်။ MA-1 ၂ လက် (နံပါတ်- AA ၆၀၃၇၈၆ နှင့် ဗဗ ၆၀၃၆၃၆)။ MA- 1 ကျည်ဆံ ၂၀၇ တောင့်၊ MA ကျည် ကတ် ၈ ကတ်။ လက်ပစ်ဗုံး ၂ လုံး။ M- 14  မြှေမုပ်မိုင်း ၁ လုံး။ M-79 ဗုံး ၃ လုံး။ ကျည်တွဲ ၁တွဲ။ ဓါးမြှောင် ၁လက်၊ ကြယ်ပွင့် ၁ ပွင့်။ ကျောပိုးအိတ် ၁၀ လုံး။ ဘိန်းစိမ်း ၁ ကျပ်သားနှင့်အတူ ဆေးတံ ၁ စုံ သိမ်းယူနိုင်တယ်”ဟု SSA အရာရှိတစ်ဦးက ပြောဆိုသည်။

တိုက်ပွဲတွင် နအဖစစ်အင်အား ၂၀ ခန့်က နမ့်စန်မြို့နယ် လွယ်လလရွာမှထပ်မံဝင်ရောက်ကူညီ အင်အားဖြည့်သည့် အပြင် 60 MM မော်ထာအလုံး ၃၀ ခန့်တိုက်ပွဲအတွင်းသို့ ပစ်ချခဲ့သောကြောင့် SSA စစ်ကြောင်းတပ်ဆုတ်ခဲ့ရ ကြောင်း၊ သို့ရာတွင် ထိခိုက် ဒဏ်ရာ ရမှု မရှိကြောင်း SSA  သတင်းရင်းမြစ်ကဆိုပါသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 10 April 2008 )
 
မြန်မာပြည်သမိုင်းသည် သင့်အပေါ်တွင်မူတည်နေပါသည်
ပိုစ့်တင်ပေးသူမှာ Web Master   
Sunday, 13 June 2004
အိမ်နီးခြင်းနိုင်ငံများနှင့် အခြားသောတိုင်းပြည်များမှ မြန်မာပြည်အခြေအနေတိုးတက် ပြောင်းလဲလာပြီဟု အမြင်ရှိသူများရှိသလို လူထုဆန္ဒခံယူပွဲပြီးဆုံး၍ ရွေးကောက်ပွဲပြုလုပ်ခဲ့လျှင် (၂၀၁၀)ခုနှစ် ဒေါ် အောင်ဆန်းစုကြည် ပါ ပါဝင်အရွေးခံသင့်ကြောင်းကို အခြားသောနိုင်ငံတကာ အသိုင်းအ၀ိုင်းနှင့်အတူ ကုလသမဂ္ဂမြန်မာနိုင်ငံဆိုင်ရာ ကိုယ်စားလှယ် မစ္စဂမ်ဘာယီ ကိုယ်တိုင်က ဤစကားမျိုးပြောဆိုနေသည်။ ထိုနည်းတူအခြားသော မြန်မာဒီမိုက ရေ စီနိုင်ငံရေးလှုပ်ရှားသူများတွင်လည်း ကွဲပြားသော အယူအဆများနှင့် အတူ ပါဝင် ရွေးကောက်ယှဉ်ပြိုင် စေလိုကြောင်း နားမဆံ့အောင် ကြားနေရသည်။ဤကိစ္စနှင့်ပတ်သက်၍ ကျွန်ုပ်ထင်မြင်ယူဆသော အကြံပေးကြည့်လုသည့်ကိစ္စတစ်ရပ်ကို အနည်း ငယ်တင်ပြလိုပါသည်။ ၎င်းမှာ လက်ရှိပြည်လုံးကျွတ်လူထုဆန္ဒခံယူပွဲတွင် ဘိုင်းကောက် လုပ်မည်၊ vote လုပ်မည်ဟူသောအယူအဆနှင့်ပက်သက်၍ အနည်းငယ်ပြောလိုသည်မှာ ယနေ့စစ်အစိုးရကပြောဆိုနေသည်၊ စည်းရုံးနေသည်မှာ ၀န်ထမ်းများကို ပိုက်ဆံထုတ်ချေးမည် စစ်မှုထမ်းဟောင်းများကို မြေကွက်နေရာချထားပေးမည်။ နယ်ဖက်ဒေသများတွင် ကျောင်းဆရာများနှင့် အစိုးရ၀န်ထမ်းများမှာ နယ်ဆင်း၍ (၁၀)နှစ်ပြည့်၊ (၁၂)နှစ်ပြည့် မှတ်ပုံတင်လုပ်ပေးပြီး လုပ်ချင်သူများသည် ထောက်ခံမဲ ထည့်ရမည်။
 
ထောက်ခံမဲမထည့်ချင်သူများအား လုပ်မပေး ဟူသော အသံပလံများ များစွာထွက်ပေါ်နေသည်။ နောက်တစ်ခုမှာ စစ်အစိုးရ၏ ထုတ်ပြန်ကြေငြာချက်အရ လာရောက်မဲ့ထဲ့ ရမည့်သူအရေအတွက်၏ ထက်ဝက်က တက်ရောက်ထောက်ခံမဲထည့်လျှင် ထောက်ခံပွဲ အတည်ဖြစ်မည်ဟုပါရှိထားသည်။ ထို့ကြောင့်မဲမထည့် လိုသူများက သွားရောက်မဲမထည့်ပေးသော်လည်း မဲလာရောက်ထည့်သည့်အရေအတွက် ပမာဏသည် သတ်မှတ်သော အရေအတွက် ပမာဏ ပြည့်မှီသောကြောင့် လူထုဆန္ဒခံယူပွဲသည် အထမြောက်အောင်မြင်သည်ဟု ဆိုလျှင် အဘယ်သို့ တတ်နိုင်ပါမည်နည်း။
 
နောက်အခြားတစ်ခုမှာ ငါဝမ်းပူစာမနေသာပဲဆိုရမလား (သို့)အူမတောင့်မှ သီလ စောင့်နိုင်မည်ဆိုရမည်လား၊ နီးရာဓါးပဲကြောက်ရမည်လား၊ သူ့ဆန်စားလို့ရဲရမည်လား??? လပေါင်းများစွာ၏ နောက်ကွယ်တွင် တိုင်းပြည်၏ ကံကြမ္မာသည်လည်း ပြောင်းလဲသတ်မှတ်ခံရတော့မည်ဟု မလွဲဧကန်မုချ ဖြစ်နေသည်။ အခြားအချက်တစ်ခုမှာလည် လူထုဆန္ဒခံယူပွဲသည် တက်ရောက်လူအရေအတွက်နှင့်ဆုံးဖြတ်မည်လား (သို့) ရရှိသောမဲအရေအတွက်ဖြင့် ဆုံးဖြတ်မည်လား အကယ်၍ တက်ရောက်လူထုနှင့်မဲဆုံးဖြတ်မည်ဆိုသော် ပြောစရာပင် မလို အတည်ဖြတ်မည်ဆိုသော် ပြောစရာပင်မလို အတည်ဖြစ်နေပြီဖြစ်သည်။ ကန့်ကွက်ဆန္ဒပြမည် ဆိုလျှင်လည်း ဥပဒေနှင့်ကိုင်၍အရေးယူအပြစ် ပေးခံရတော့မည်။
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 05 April 2008 )
 
သျှမ်း တိုင်းရင်းသားခေါင်းဆောင်များ လွတ်မြောက်ရေး နှင့် ပြည်လုံးကျွတ်
ပိုစ့်တင်ပေးသူမှာ Administrator   
Monday, 09 August 2004

ရက်စွဲ။ ၂၀၀၈ ခုနှစ် မတ်လ ၉ ရက်

သျှမ်းတိုင်းရင်းသားခေါင်းဆောင်များလွတ်မြောက်ရေးနှင့်
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ နှင့်ပတ်သက်သော သဘောထားထုတ်ပြန်ချက်


၂၀၀၈ ခုနှစ် မတ်လ ၉ ရက်နေ့သည် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး နှင့် သျှမ်းတိုင်းရင်းသားခေါင်း ဆောင်များအဖမ်းဆီးခံရသည့် မှာ ၃ နှစ်နှင့် ၁ လပြည့်ပြီဖြစ်ပါသည်။ နအဖစစ်အစိုးရ၏ဖမ်းဆီး နှစ်ရှည် ထောင်ဒဏ်ချခံ ခဲ့ရသည်။ သျှမ်းတိုင်းရင်းသားခေါင်းဆောင် များ၏ ကျန်းမာရေး အခြေအနေမှာလည်း လွန်စွာဆိုးဝါးနေလျှက်ရှိပါသည်။ ဤကဲ့သို့လူ့အခွင့်အရေးချိုးဖောက်လျက်ရှိသော နအဖ စစ်အစိုးရ၏ လုပ်ရပ်သည် အလွန်ပင်အောက်တန်းကျလျက်ရှိပါ သည်။
သို့သော် သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦးမှ ထောင်ထဲမှာနေ၍ “ ပြည်သူလူထုငြိမ်းချမ်းရေးနှင့် တရား မျှတရေးအတွက် ဆက်လက်တိုက်ပွဲဝင်သွားမည် ” ဟူသော စကားသည် နအဖအစိုးရတို့အားပြုတ်ကျစေရန် ကြိုးစားလျှက်ရှိ နေသော ဒီမိုကရေစီအင်အားစု များအတွက် အားတက်စရာပင်ဖြစ်သည်။
ပြည်သူများလိုလားသည့် စစ်မှန်သောဒီမိုကရေစီစနစ်၊ စစ်မှန်သောဖယ်ဒရယ်ပြည်ထောင်စုစနစ်၊ တန်းတူအခွင့်အ ရေးကို လစ်လျူရူ့လျှက်ရှိသော နအဖစစ်အစိုး၏ တစ်ဖက်သက်အနိုင်ကျင့်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေသည် ၁၉၉၀ ခုနှစ်ရွေးကောက်ပွဲခံနိုင်ငံရေးပါတီများ၊ တိုင်းရင်းသားခေါင်းဆောင်များနှင့် ပြည်သူလူထု၏ ဆန္ဒသဘောထားမပါဘဲ တရားမျှတမူရှိသည့်အတွက် လုံးဝလက်မခံနိုင်ပါ။
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 05 April 2008 )
 
နိုင်ငံကျော်အဆိုတော် စိုင်းထီးဆိုင်ကွယ်လွန်ခြင်းအတွက် ၀မ်းနည်းကြေကွဲ
ပိုစ့်တင်ပေးသူမှာ Administrator   
Monday, 09 August 2004

ရန်ကုန်သျှမ်းစာပေယဉ်ကျေးမူအသင်း၏ ဒုတိယဥက္ကဋ္ဌ အဖြစ်တာဝန်ထမ်းယူသွားခဲ့သော နိုင်ငံကျော် သျှမ်းတိုင်းရင်းသားအဆိုတော် စိုင်းထီးဆိုင် (အသက် ၅၈ နှစ်) သည် ၂၀၀၈ ခုနှစ် မတ်လ ၁၀ ရက် တွင် ကွယ်လွန်သွားသည့်အတွက် ကျန်ရစ်သူမိသားစုများနှင့်တကွ ထပ်တူထပ်မျှ အထူးပင် ၀မ်းနည်းကြေကွဲမိပါကြောင်း သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) မှ မှတ်တမ်းတင်အပ်ပါသည်။

...ပီထီးရေ.. ကောင်းရာသုဂတိလားပါစေ။။..
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 05 April 2008 )
 
ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအား ဆန့်ကျင်ရှတ်ချခြင်းအခမ်းအနား
ပိုစ့်တင်ပေးသူမှာ Administrator   
Monday, 09 August 2004

၂၀၀၈ ခုနှစ် မေလတွင်ကျင်းပပြုလုပ်မည့် နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေးနှင့် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲအား ဆန့်ကျင်ရှုတ်ချခြင်းအခမ်းအနားကို Tokyo မြို့ Toshima-ku ရှိ Eco Toshimaအဆောက်အအုံ၆ထပ်တွင် ညနေ၆နာရီမှ ၉ နာရီအထိကျင်းပခဲ့ပါသည်။ ဤအခမ်းအနားကို ဂျပန်နိုင်ငံရှိတိုင်းရင်း သားအဖွဲ့အစည်းပေါင်း ၁၃ ဖွဲ့မှ ပြုလုပ်သည့်အခမ်းအနားဖြစ်ပြီး တက်ရောက်သူ ၈၀ ကျော်ခန့်ရှိကြောင်းသတင်း ရရှိပါသည်။ အခမ်းအနားတွင် ဂျပန်နိုင်ငံရောက်တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲ့၏ ကိုယ်စားလှယ်များမှ အသီး သီး ဆန့်ကျင်ကန့်ကွက်ကြောင်း အမှာစကား ပြောကြားပြီး နအဖ၏ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအတည်ပြုရေး နှင့် လူထုဆန္ဒခံယူပွဲအပေါ် သဘောထားထုတ်ပြန်ချက်ကိုကြေငြာကာ တက်ရောက် လာသူများမှလည်း သဘောထားထုတ်ပြန်ချက်ကို ထောက်ခံအတည်ပြု၍ တစ်ဦးချင်း ကန့်ကွက်ရှုတ်ချကြောင်းလက်မှတ်ရေးထိုးခဲ့ကြပါသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Wednesday, 09 April 2008 )
 
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 78 - 83 of 83

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 27 ဦး၊ ရောက်ရှိနေပါသည်။