မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
၆၅ နှစ်မြောက်ဦးခွန်ထွန်းဦး၏ မွေးနေ့အခမ်းအနား
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 11 September 2008

ဒီကနေ့ သျှမ်းတိုင်းရင်းသားခေါင်းဆောင် ဦးခွန်ထွန်းဦး၏ ၆၅နှစ်မြောက်မွေးနေ့ကို ဂျပန်နိုင်ငံရှိ ကုလသမဂ္ဂသံရုံးရှေ့တွင် ညနေ၃နာရီမှ ၄နာရီခွဲအထိ အခမ်းအနားကျင်းပခဲ့ပါသည်။

အခမ်းအနားတွင် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) နှင့် သျှမ်းပြည်တိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) တို့နှင့်အတူ အခြားသော နိုင်ငံရေးပါတီများမှလည်း ပူးပေါင်းပါဝင်ခဲ့ပါသည်။ 

 

 
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 11 September 2008 )
 
၁၉ ဂျူလိုင် မမေ့နိုင် အခမ်းအနားအစီအစဉ်
ပိုစ့်တင်ပေးသူမှာ နေလ   
Saturday, 19 July 2008

JAC Japan မှဦးစီးကျင်းပမည့် ၁၉ ဂျူလိုင် မမေ့နိုင် အခမ်းအနားအစီအစဉ် အောက်ပါအတိုင်းကျင်းပမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

 

 

 

 
 
၁၉ ဂျူလိုင် မမေ့နိုင်
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 18 July 2008

 

အာဇာနည်ဆိုတာ ဘယ်သူလဲ။ ဂန္ဓ၀င်ဆည်းဆာ သီချင်းကို ပြန်ဆိုတဲ့ အဆိုတော်တော့ မဟုတ်လောက်ပါဘူးနော်…။

တချို့ကလည်း ပြောတယ်။ ဗိုလ်ချုပ်က မသေသေးဘူး၊ အခုထိ အသတ်ခံနေရတုန်းတဲ့။

အဲဒီတုန်းက ဗိုလ်ချုပ်နှင့် အာဇာနည်တွေကို လုပ်ကြံသွားတဲ့သူက စိတ်ဓာတ်သာ ညံ့ဖျင်းနေပေမယ့် အရည်အချင်းက

မညံ့ဖျင်းဘူးဆိုတာကိုလည်း တချို့က ပြောနေကြလေရဲ့။

Hero ဆိုတာ သူများကို လုပ်ကြံသတ်ဖြတ်တဲ့သူလား၊ သူများရဲ့ လုပ်ကြံသတ်ဖြတ်ခြင်းကို ခံရတဲ့သူလား။ အဲဒါတွေမှ မဟုတ်ရင် ဘာဖြစ်မလဲ…။

ပြီးတော့ Hero ဖြစ်ဖို့ဆိုတာ Gifted ဆိုတဲ့ မွေးရာပါ အရည်အချင်းတစ်ခုလား။ လုပ်ယူလို့ကော မရနိုင်ဘူးလား။ လုပ်ယူနေတဲ့သူတွေကော ရှိသလား။

ဆယ်စုနှစ် ခြောက်ခုကျော် ကြာမြင့်ခဲ့သည့်တိုင် လူထုရဲ့ အသိအမှတ်ပြုမှုနဲ့ လေးစားခံရမှုကို ရရှိတဲ့ Hero တစ်ယောက်ဖြစ်ဖို့ ဘယ်လို အရည်အချင်းတွေနဲ့ ပြည့်စုံနေရမလဲ။

 

သေသောသူ ကြာလျှင်မေ့ ဆိုပေမယ့် နိုင်ငံနှင့် လူမျိုးအတွက် အသက်စွန့်သွားတဲ့ သူတွေအကြောင်းကို နိုင်ငံနဲ့ လူထုက မေ့နေကြတာ၊ မေ့ချင်ဟန်

ဆောင်နေကြတာတွေရှိလာတဲ့အခါ…။

အင်း… ဆယ့်ကိုးဇူလိုင် အကြောင်းကို ဆရာမင်းသိင်္ခလို ရေးဟန်၊ ဆရာတာရာမင်းဝေလို ဖောက်ထွက်တဲ့အတွေးမျိုးနဲ့ Davinci Code ထဲကလို

ဇာတ်အိမ်မျိုးတွေ ဖန်တီးပြီး ရေးလိုက်ရရင်တော့… ဘာပြောကောင်းမလဲ… သည်းထိတ်ရင်ဖို ဇာတ်လမ်းတစ်ပုဒ် ဖြစ်ချင် ဖြစ်သွားမှာပေါ့။

ဘာပဲဖြစ်ဖြစ်လေ… သမိုင်းဆိုတာ နှလုံးသွေးနဲ့ ပုံနှိပ်ခဲ့တာကြောင့် မေ့ပျောက်ဖို့၊ မေ့ဖျောက်ဖို့ကောင်းတဲ့ အရာမဟုတ်သလို၊

ထင်ကျန်ဖြစ်တည်ခဲ့တဲ့ သမိုင်းရဲ့ သွေးစက်တွေကလည်း ထုံးပဲသုတ်သုတ်၊ အိုးမည်းပဲသုတ်သုတ် အရောင်ပြောင်းမသွားနိုင်ဘူး လို့ထင်ပါတယ်။

Orginal Post By: ဟန်သစ်ငြိမ်
                     ၁၈-၀၇-၂၀၀၈

 

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Tuesday, 22 July 2008 )
 
ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအတွက် ပြုလုပ်သောအခမ်းအနား
ပိုစ့်တင်ပေးသူမှာ နေလ   
Saturday, 12 July 2008

ဇူလိုင်လ ၉ ရက်နေ့တွင် ကျရောက်သော ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအတွက် ပြုလုပ်သောအခမ်းအနား

ဂျပန်နိုင်ငံ Shinagawa  ရှိ မြန်မာအခွန်ရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအခမ်းအ နားကို ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (AUN Japan) မှ ဦးစီးပြီး ကျန်ဒီမိုကရေစီအင်အားစုများ အယောက်ပေါင်း ၄၀ကျော်တတ်ရောက်ခဲ့ပါသည်။ အခမ်းအနားအဖွင့်အမှာစကားကို SND မှ ပြန်ကြားရေးမှုးစိုင်းဝင်းဖေ မှ ပြောကြားကာ AUN ကိုယ်စား ဒုတိယဥက္ကဋ္ဌ မိုင်ကျော်ဦး မှ ပြောကြားကာ ကျန်ဒီမိုကရေစီအင်အားစုများလည်း ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအတွက် တောင်းဆိုခဲ့ကြသည်။ အခမ်းအနားပြီးဆုံးချိန် ကျေးဇူးတင်စကားအား SND ဒုတိယဥက္ကဋ္ဌ စိုင်းရီပေါလ်မှ ပြောကြားကာ ကြွေးကြော်သံများဖြင့် အခမ်းအနားကို ရုပ်သိမ်းခဲ့ပါသည်။ ကြွေးကြော်သံများတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည့် အပါအ၀င် တခြားနိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအတွက်ပါ တောင်းဆိုခဲ့ကြကြောင်း သတင်းရရှိပါသည်။

 

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 11 September 2008 )
 
နအဖ၏အုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြုခြင်းအပေါ်ကန့်ကွက်ရူတ်ချ
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 30 June 2008

ဂျပန်နိုင်ငံရောက်တိုင်းရင်းသားများမှ နအဖ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအတည်ပြုခြင်းအပေါ် ကန့်ကွက်ရူတ်ချခြင်းအခမ်းအနား

၂၀၀၈ခုနှစ် ဇွန်လ ၂၉ ရက်

    ဂျပန်နိုင်ငံရောက် တိုင်းရင်းသားများမှ နအဖဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအတည်ပြုခြင်းအပေါ် ကန့်ကွက်ရူတ်ချခြင်းအခမ်းအနားကို Shinjuku-ku Takadanobaba ရှိ Shoohiseikatsu Center လေးထပ်တွင် ညနေ၆နာရီမှ ၉နာရီအထိ ကျင်းပခဲ့ပါသည်။ ၎င်းအခမ်းအနားတွင် ဂျပန်နိုင်ငံရှိ တိုင်းရင်းသားအဖွဲ့အစည်း ၁၃ ဖွဲပ၏ကိုယ်စားလှယ်များနှင့် တိုင်းရင်းသား အဖွဲ့ဝင်များ ၇၀ ခန့်တက်ရောက်ခဲ့ပြီး နအဖ၏ အခြေခံဥပဒေအတည်ပြုခြင်းအပေါ် တစ်ဦးချင်း ကန့်ကွက်ရူတ်ချခဲ့ကြောင်း သတင်းရရှိပါသည်။

 

 
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 30 June 2008 )
 
ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ထုတ်ပြန်ချက်
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 22 June 2008

 

၂၀၀၈ခုနှစ် မြန်မာ့အမျိုးသမီးများနေ့ နှင့် ၆၃နှစ်မြောက် ဒေါ်အောင်ဆန်းစုကြည်၏ မွေးနေ့ထုတ်ပြန်ချက်

            ၂၀၀၈ ခုနှစ်၊ဇွန်လ (၁၉)ရက်နေ့သည် မြန်မာ့အမျိုးသမီးများနေ့ဖြစ်ပါသည်။ ထို့အတူ ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်၊လ်၊ဆုရှင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့ဖြစ်ပါသည်။ ပြည်သူအများလိုလားတောင့်တနေသောပြည်သူ့အသည်းနှလုံးလည်း ဖြစ် ကမ္ဘာကပါလေးစားကြည်ညိုသော ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ ခုနှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာအထိ တည်တံ့ခိုင်မြဲ စေရန် ဦးစွာဆုတောင်းလျက် ဂုဏ်ပြုမှတ်တမ်းတင်အပ်ပါသည်။

            ယနေ့အချိန်အခါသည် ကမ္ဘာနှင့်အ၀ှမ်း မြင်တွေ့ကြားသိနေကြသည့် အမျိုးသမီးများကဏ္ဍသည် ယောကျာင်္းနှင့် တန်းတူထူးခြား ပြောင်မြောက်စွာ ပေါ်လွင်ထင်ရှားစွာ စွမ်းဆောင်မူများပေးနေပြီဖြစ်သည်။ ကမ္ဘာ့ဒေသအသီးသီးတွင် ပေါ်ထွက်လာသောအမျိုးသမီးများ ၏ ခေါင်းဆောင်မူသည်မှတ်တမ်းတင်ဂုဏ်ပြုနေရသည့် သာဓကများစွာကို အထူးဖေါ်ပြစရာမလိုပဲ သိရှိနေကြပြီဖြစ်သည်။ သို့သော်မိမိတို့ သျှမ်းတိုင်းရင်းသားများအနေဖြင့်ထူးခြားစွာဖေါ်ပြမှတ်တမ်းတင်လိုသည်မှာအမျိုးသားခေါင်းဆောင်ဟုခေါ်ရလောက်သည့်ဒေါ်အောင်ဆန်း စုကြည်၏ ပြည်သူ့အပေါ်ထားရှိသောသစ္စာမိမိ၏ ဘ၀တစ်ခုလုံးကိုပေးဆပ်သော သတ္တိနိုင်ငံ့ကောင်းစားရေးအတွက် ဆုပ်ကိုင်လျက်ရှိ သော ဇွဲတို့ပင်ဖြစ်သည်။

            ကမ္ဘာ့နိုင်ငံအသီးသီးမှ အချို့သော နအဖစစ်အစိုးရကို ထောက်ခံသည့် တိုင်းပြည်ခေါင်းဆောင်များကို မိမိတို့ သျှမ်းတိုင်းရင်း သားများမှ ရှုပ်ချကန့်ကွက်မြဲဆက်လက်ရှုတ်ချကာ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်မှအကျဉ်းချထားသည့် နအဖစစ်အစိုး၏ လုပ်ရက် ကိုအတိအလင်းဆုတ်ယုတ်ရွံရှာစွာကန့်ကွက်ပါသည်။ ၂၀၀၈ခုနှစ်၏ မြန်မာ့အမျိုးသမီးများနေ့မှဆက်လက်၍ နိုင်ငံနှင့်အ၀ှမ်း၊ ကမ္ဘာ့အခြား ဒေသသီးသီးရှိဗမာ့အမျိုးသမီးများတိုင်းရင်းသားအမျိုးသမီးများအား ဂုဏ်ပြုထောက်ခံကြောင်းနှင့်ဒေါ်အောင်ဆနုးစုကြည်၏ လွတ်မြောက် ရေးအတွက်မိမိတို့သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်)မှဆက်လက်တိုက်ပွဲဝင်နေမည့်အကြောင်း ထုတ်ပြန်ကြေငြာအပ်ပါသည်။

 
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 22 June 2008 )
 
ဒေါ်အောင်ဆန်းစုကြည်၏ ၆၃ နှစ်မြောက်မွေးနေ့ လမ်းလျှောက်ပွဲ
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 20 June 2008
 

၂၀၀၈ခုနှစ် ဇွန်လ ၁၉ ရက်နေ့တွင် ၆၃ နှစ်မြောက်ဒေါ်အောင်ဆန်းစုကြည့်မွေးနေ့အထိမ်းအမှတ်နှင့် အမျိုးသမီးများနေ့ အထိမ်းအမှတ် လမ်းလျှောက်ချီတတ်ဆန္ဒပြပွဲကို ဂျပန်နိုင်ငံ တိုကျိုမြို့ Shibuya Miyashita ပန်းခြံတွင် ၂ နာခွဲမှ စတင်ချီတတ်ခဲ့ရာ Sendagaya ရှိ Meiji ပန်းခြံ ၄နာရီ ခွဲတွင်ပြီးဆုံခဲ့ကြောင်းသတင်းရရှိပါသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 22 June 2008 )
 
Burmese exiles call for Suu Kyi’s release on her birthday
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 20 June 2008

By Hseng Khio Fah (S.H.A.N)

 

Burmese exiles call for Suu Kyi’s release on her birthday

Burmese exiles in Thailand yesterday called for the release of Aung San Suu Kyi and all other political prisoners in Burma on her 63rd birthday.
Various Burmese NGOs based in Chiang Mai celebrated Suu Kyi’s birthday at Chiang Mai University calling for not only the release of Suu Kyi but also demanding the Burmese military junta to allow the international aid into the country to help 2.4 million victims of Cyclone Nargis. They also called on the junta to hold genuine dialogue with Suu Kyi to solve the political problem in Burma.
The regime last month extended Aung San Suu Kyi’s detention for another year.
The junta still restricts aid to reach the cyclone victims even though the UN Secretary-General Ban Ki-moon met with the junta chief Senior General Than Shwe on 23 last month to allow international aid workers to conduct their relief efforts to Cyclone victims freely and without hindrance.
“The SPDC regime did not dare to release her amidst the turmoil following Cyclone Nagis and they extended her illegal detention for another year last month. So, this shows how much fear the regime has been experienced with regards to the changes inside Burma,” criticized Charm Tong from Shan Women’s Action Network (SWAN).


173e47c.jpg
Charm Tong

“Free Suu Kyi and free the people of the Burma,” she concluded.
It is time for the brutal generals to make the right choice and release Aung San Suu Kyi, Burma's democratic leader, and start meaningful dialogue, or face being charged at an international court for crimes against humanity. Such crimes include the killing of monks last September and the ongoing blocking of aid to cyclone victims, which is causing further unnecessary suffering and death, particularly of women and children, according to the Women's League of Burma (WLB).  

ဆက်လက်ဖတ်ရူ့ရန်..



နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Friday, 20 June 2008 )
 
ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအခမ်းအနား
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 09 June 2008

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ

ဦးခွန်ထွန်းဦး လွတ်မြောက်ရေးအခမ်းအနား

 

 

 

June လ ၉ ရက်နေ့

ညီညွတ်သောတိုင်းရင်းသားများ အဖွဲ့အစည်း (ဂျပန်) AUN(Japan) မှ ဦးစီးပြုလုပ်သော သျှမ်းတိုင်းရင်းသားခေါင်းဆောင်ဦးခွန်ထွန်းဦး နှင့် အပေါင်းအပါများလွတ်မြောက်ရေးအတွက်တောင်းဆိုသော အခမ်းအနားကို Shibuya ရှိ ကုလသမ္မကသံရုံးရှေ့တွင် ညနေပိုင်း ၃နာရီမှ ၉ နာရီအထိ ပြုလုပ်ခဲ့ပါသည်။ သျှမ်းတိုင်းရင်းသားများ ၂၀ ဦးခန့်နှင့် အခြားသောတိုင်းရင်းသားများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ (ဂျပန်) အပါအ၀င် အခြားသော ဒီမိုကရေစီအင်အားစုများ စုစုပေါင်း ၅၀ ဦးခန့်တက်ရောက်ခဲ့ပါသည်။ အခမ်းနားမှူးအဖြစ် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း (ဂျပန်) ၏ အထွေထွေအတွင်းရေးမှုး LIA CING LAM MANG မှပြုလုပ်ကာ အဖွင့်စကားအဖြစ် သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့(ဂျပန်) SND (Japan) မှ ဥက္ကဋ္ဌ ဦးစိုင်းစီဝမ်းမှ ပြောကြားခဲ့ပါသည်။ ဆက်လက်၍ သျှမ်းပြည်တိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့(ဂျပန်) SSND  (Japan) မှ စိုင်းညွန့်မောင်မှပြောကြားကာ တက်ရောက်လာသော တိုင်းရင်းသားများနှင့် ဒီမိုကရေစီအဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက အလှည့်ကျစကားပြောကြားခဲ့ပါသည်။  ဦးခွန်ထွန်းဦးအပါအ၀င် တိုင်းရင်းသားခေါင်းဆောင်များ၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ဒေါ်အောင်ဆန်းစုကြည် တို့ အမြန်ဆုံးလွတ်မြောက်နိုင်ရေးများကို အဓိကထား ပြောကြားတောင်းဆိုသွားခဲ့ကြောင်း သတင်းရရှိပါသည်။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 12 June 2008 )
 
Air Mandalay stops Thailand flights
ပိုစ့်တင်ပေးသူမှာ နေလ   
Wednesday, 11 June 2008

Air Mandalay stops Thailand flights
By Hseng Khio Fah ( SHAN News)

 


Air Mandalay has temporarily stopped its Thailand flights due to fewer passengers and tourists coming to Burma after Cyclone Nagis hit southern Burma on 2-3 May, according to a regular traveler.

There used to be more than 60 passengers each flight from Chiang Mai or Bangkok to Rangoon, but the number of passengers has significantly dropped, sometimes to 5 or 6, said the source.

“Before, there were no less than 50 passengers. Today, we just have 23 people. I heard that they [Air Mandalay] will stop flights until the end of August. This was the last flight,” said a passenger who flied from Rangoon to Chiang Mai on 5 June.

A staff from Air Mandalay office in Chiang Mai confirmed that Rangoon-Thailand flights will stop until 7 August 2008.

The number of border-cross tourists has also dropped, said a tourist guide from Mae Sai-Tachilek border.

After cyclone Nargis devastated the Irrawaddy delta and some parts of southern Burma, tourists who had often visited Burma in the past stopped coming, said the source.

"We used to receive guests at least 3- 4 times a month. Right now, those who had made bookings earlier have canceled their trips. Even though it is high season there are no tourists because of unstable situation in Burma," the source said.

Since November, 2007 some foreign tourism companies based in Rangoon have also closed their businesses, according a Rangoon-based tourist guide.

On 2 -3 May tropical Cyclone Nargis hit the coast of Burma and devastated large parts of the low-lying Irrawaddy delta, leaving at least 134,000 dead or missing and up to 2.5 million people homeless. 

 
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 45 - 55 of 83

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 10 ဦး၊ ရောက်ရှိနေပါသည်။