၁ နှစ်ပြည့် ရွှေဝါရောင်တော်လှန်ရေး
ပိုစ့်တင်ပေးသူမှာ နေလ
Wednesday, 01 October 2008
Embedded video from CNN Video
အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့် ထောက်လှမ်းရေးအဖွဲ့မျ
ပိုစ့်တင်ပေးသူမှာ နေလ
Wednesday, 01 October 2008
Orginal Post By: ရိုးမ ၃
အကျဉ်းသားများပြန်လွှတ်ပေးရာတွင် အကောက်ခွန်နှင့်
ထောက်လှမ်းရေးအဖွဲ့များ အများဆုံးပါဝင်
ဖြိုးကြီး။
စက်တင်ဘာ ၂၉၊ ၂၀၀၈
စစ်အစိုးရက အကျဉ်းသား ၉၀၀၀ ကျော် ပြန်လွှတ်ပေးရာတွင်
အကောက်ခွန်ဝန်ထမ်းများနှင့် စစ်ထောက်လှမ်းရေးအဖွဲ့ဝင်များသာ
အများဆုံးပါဝင်သည်ဟု ဆိုသည်။
ပြန်လည်လွတ်မြောက်လာသည့် အကျဉ်းသားများတွင် ဗိုလ်ချုပ်ကြီးခင်ညွန့်၏
စစ်ထောက်လှမ်း ရေးအဖွဲ့ဝင်များနှင့် မူဆယ် (၁၀၅) မိုင်ဂိတ်မှ
အကောက်ခွန်ဝန်ထမ်း ၇၀၀ ကျော် ပါဝင်ကြောင်း စစ်ဘက်ဆိုင်ရာ အရာရှိတဦးက
ပြောသည်။
“ကာစတန်နဲ့ စစ်ထောက်လှမ်းရေးက အဖွဲ့တွေလေ၊ အဲဒီမှာ အနှစ် (၃၀)
လောက်ကျတဲ့ ဗိုလ်ကြီးအဆင့်တွေ တော်တော်များများပါတယ်၊
ကြီးကြီးပိုင်းတွေတော့ မလွတ်သေးဘူး”ဟု အဆိုပါအရာရှိက အတည်ပြုပြောသည်။ .....
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Wednesday, 01 October 2008 )
ဘင်္ဂလားဒေရှ် မြန်မာအကျဉ်းသားများ လွတ်မြောက်ဖို့အရေး အမြန်ဆုံးကယ်တင်ကြ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်ခြင်း
ပိုစ့်တင်ပေးသူမှာ နေလ
Sunday, 28 September 2008
Orginal Post By: AUN Japan
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ထူထောင်ခြင်း ၂၀ ပြည့်နှစ်မြောက်အခမ်းအနားကို ဂျပန်နိုင်ငံ Shibuya ဘူတာရှိ မီယရှိတ ပန်းခြံတွင်
နေ့လည် ၂ နာရီတွင် အခမ်းအနားစတင်ခဲ့ပါတယ်။ အခမ်းအနားတွင် NLD လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲမှ ကြီးမှုးပြီး၊ ဂျပန်နိုင်ငံရောက်
ဒီမိုကရေစီအင်အားစုများနှင့်အတူ ပူးပေါင်းချီတတ် ဆန္ဒပြတောင်းဆိုခဲ့ပါသည်။ အခမ်းအနားအစတွင် အဖွဲ့အသီးသီးမှ ကိုယ်စားလှယ်များက
စကားအသီးသီးပြောကြပြီး လမ်းလျှောက်ချီတတ်ပြအခမ်းအနားကို ၂နာရီ ၄၅ မိနစ်တွင် စထွက်ပြီး ၄နာရီခွဲတွင် စထွက်ခဲ့သော ပန်းခြံတွင်
ပြန်လည်အဆုံးသတ်ပြီးခဲ့သည်။
Shans show their true colors
ပိုစ့်တင်ပေးသူမှာ နေလ
Friday, 26 September 2008
Original Post By: S.H.A.N
No.15-9/2008
25 September 2008
General
Shans show their true colors
To the surprise of no one at the Shan Herald Agency for News (S.H.A.N.),
the majority (60.5%) of the respondents to its readership poll conducted
in July and August had chosen yellow, green and red, the colors of their
state flag to be used for the cover of its monthly publication, according
to the results.
9.25% of the 162 respondents had also wanted blue and white for the cover
of SHAN’s bilingual (Shan and Burmese) Independence and 1.85%
black. The rest of them (39.5%) said they could not care less about the
cover as long as the contents were okay.
The tri-colored flag with a white circle in the middle was officially
approved and declared as the state flag by the Palaung prince of
Tawngpeng Hkun Pan Sing, then the President of the Shan States Council,
on 11 February 1947, one day before the signing of the historic Panglong
Agreement which banded the British Frontier Areas with Burma.
Shan
States
flag
National
flag as chosen by the military
“I think the Shans are totally hooked to yellow,
green and red now,” says Pawnli, who reports in Shan.
SHAN had included the question on the colors of Independence’s
cover, after observations by its distributors that issues with somber
covers did not sell too well, even though it was almost always the only
Shan language publication with the most information on current Shan and
other ethnic affairs on hand. Read More...
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Friday, 26 September 2008 )
သမိုင်းကိုအမြဲလိမ်နေတဲ့နအဖ အခုတစ်ခါ ထပ်လိမ်ဖို့လုပ်ပြန်ပြီ
ပိုစ့်တင်ပေးသူမှာ နေလ
Thursday, 25 September 2008
Orginal Post By: Niknayman
မြန်မာသမိုင်းအဖွဲ့ ဥပဒေကို ပြင်ဆင်သည့် ဥပဒေ။
တက္ကသိုလ်ဆိုတဲ့
စကားလုံး မလိုချင်ဖူး၊ ပညာရေးဆိုတာ မလိုအပ်ဖူး ဖြုတ်ပြစ်။ မသေခင်မှာ
ငါနာမည် သမိုင်းတွင်ရအောင်။ သန်းရွှေ
-တရားအားထုတ် (တရုတ်အားထား ) ခဲ့တာတွေ ထည့်သွင်းဖေါ်ပြလို့ ရအောင် ငါ့အလိုကျ သမိုင်းသုတေသနီတွေ သန်းရွှေရတု ရေးသားစေ။
(ပုံ) သန်းရွှေ
ဗိုလ်ချူပ်မှူးကြီး
ဥက္ကဌ
နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွဲ့ ဖြိုးရေးကောင်စီ။
(မှတ်ချက်။ နအဖအဖွဲ့ ကို ပြင်ဆင်သည့် အဖွဲ့  လာပါတော့မည်)။
ရန်ကုန် မြို့တော်ခန်းမရှေ့ ဗုံးပေါက်ကွဲမှုဖြစ်၊ လူတဦးသေ
ပိုစ့်တင်ပေးသူမှာ နေလ
Thursday, 25 September 2008
Orginal Post by : Mizzima
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ စက်တင်ဘာလ 25 2008 11:37 - မြန်မာစံတော်ချိန်
ရန်ကုန်မြို့လယ် မြို့တော်ခန်းမအရှေ့ ဗန္ဓုလပန်းခြံအနီး ပေါက်ကွဲမှုတခု
မြန်မာစံတော်ချိန် နံနက် ၁၀း၄၀ နာရီခန့်က ဖြစ်ပွားခဲ့သည်။ ဗုံးပေါက်ကွဲမှု
ဖြစ်သည်ဟု ယုံကြည်ရပြီး လူ ၁ ဦးသေဆုံးကာ အနည်းဆုံး ၃ ဦး ဒဏ်ရာ
ရရှိသွားကြောင်း မျက်မြင်သက်သေ တဦးက ပြောသည်။
မဟာဗန္ဓုလ
ပန်းခြံအနီးရှိ စားသောက်ဆိုင် ပိုင်ရှင်တဦးက ပေါက်ကွဲသံတခု
ကြားခဲ့ကြောင်းနှင့် ပန်းခြံရှေ့ဘက် ဘတ်စ်ကားမှတ်တိုင်တွင်
ဖြစ်ပွားခြင်းဖြစ်ပြီး အနည်းဆုံး လူ ၃ ဦး ဒဏ်ရာ ရသွားခဲ့သည်ဟု ပြောသည်။
"ပေါက်ကွဲသံကြီး ကြားလိုက်ရတယ် ပြီးတော့ လူတွေတအုံးအုံးနဲ့ သွားကြည့်ကြတာပေါ့။ ကျနော်မြင်တာ ဒဏ်ရာရတဲ့ လူတွေ" ဟု သူက ပြောသည်။
အခင်း ဖြစ်ပွားရာသို့ ရဲများ ချက်ခြင်းရောက်ရှိလာပြီး ဗန္ဓုလလမ်းကို ပိတ်ဆို့လိုက်သည်။
ကျောက်တံတား
ရဲစခန်းသို့ မဇ္ဈိမက ဆက်သွယ်မေးမြန်းရာ "ပေါက်ကွဲသံကျယ်ကြီး ကြားလိုက်ရတယ်။
ဒါပေမယ့် ဗုံး ဟုတ် မဟုတ် မသေချာဘူး။ စုံစမ်းနေတုံးပဲ" ဟု ပြောသွားသည်။
ချိန်ကိုက်ဗုံး
အမျိုးအစား ဖြစ်သည်ဟု အခင်းဖြစ်ပွားရာ နေရာ ရောက်နေသော ရဲတပ်သားတဦးက
ပြောသည်။ ထို့အပြင် မပေါက်ကွဲသေးသော ဗုံး ၁ လုံးကိုလည်း ထပ်မံ
တွေ့ရှိခဲ့ရသည်ဟု သူက ပြောသည်။
ကက်ဆက်ထဲတွင် ထည့်ထားသော ဗုံးကို
ရဲတဦးက ဗုံးမှန်း မသိဘဲ ယူဆောင်လာပြီးမှ ပေါက်ကွဲရန် ၅ မိနစ်အလိုတွင်
စနက်တံ ဖြုတ်လိုက်နိုင်ခဲ့သည်ဟု သူက ဆိုသည်။ ဗုံးမှန်းမသိသဖြင့် ရဲများက
မပေါက်ကွဲသေးသော ဗုံးကို မြို့တော်ခန်းမထဲအထိ ယူသွားနေစဉ်
ဗုံးရှင်းတပ်ဖွဲ့ ရောက်လာ၍ စနက်တံ ဖြုတ်လိုက်နိုင်ခြင်း ဖြစ်သည်။
"ငါတို့
သိန်းတရာတန် ဖြစ်သွားတော့မလို့" ဟု ရဲတပ်သားတဦးက ကျန်ရဲများကို ဟာသနှော၍
ပြောသည်။ စစ်အစိုးရ၏ သတင်းစာ ရှင်းလင်းပွဲ တခုတွင် နယ်စပ်အခြေစိုက်
ဆန့်ကျင်ဘက် အဖွဲ့အစည်းများမှ ဗုံးဖောက်ခွဲရန် စီစဉ်သူများက
မြို့တော်ခန်းမကို ဖောက်ခွဲနိုင်လျှင် သိန်းတရာပေးမည်ဟု ဆုတော်ငွေ
ထုတ်ပြန်ထားကြောင်း ပြောဆိုခဲ့သည်။
အခင်း ဖြစ်ပွားပြီးနောက်
ရန်ကုန်တိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ်ဝင်းမြင့်နှင့် မြို့တော်ဝန်
ဗိုလ်မှူးချုပ် အောင်သိန်းလင်းတို့ လာရောက် ကြည့်ရှု စစ်ဆေးသွားသည်။
ပေါက်ကွဲမှုကြောင့် ပတ်ဝန်းကျင်က အမှိုက်များ ဓာတ်တိုင်တတိုင်စာလောက် မြင့်တက်သွားသည်ဟု အနီးနားတွင် ဈေးရောင်းနေခဲ့သူ တဦးက ပြောသည်။
ပန်းခြံရှေ့
ဘတ်စ်ကားမှတ်တိုင်အနီး တာဝန်ထမ်းဆောင်နေသူ မော်တော်ယာဉ် လိုင်းပေါင်းစုံ
ထိန်းသိမ်းရေး ၀န်ထမ်းတဦးကတော့ ပေါက်ကွဲမှုကြောင့် ယခုအချိန်ထိ
နားအူနေသေးသည်ဟု ဆိုသည်။
ရန်ကုန်မှလာသော ရိုက်တာ သတင်းတရပ်တွင် လူ ၄ ဦးဒဏ်ရာရကြောင်း ရဲက ပြောကြားချက်ကို ကိုးကားထားသည်။
"အသေးစားဗုံးလေးလို့ ထင်ရတာပဲ၊ ဒါပေမယ့် ဆက်လက် စုံစမ်းဆဲပဲ ရှိသေးတယ်" ဟု ရဲအရာရှိက ရိုက်တာသို့ ပြောသည်။
မြန်မာတပ်အား ပအိုဝ်းအဖွဲ့ ခြုံခိုတိုက် မြန်မာစစ်တပ်မှ ၈ ဦး သေဆုံး
ပိုစ့်တင်ပေးသူမှာ နေလ
Monday, 22 September 2008
Orginal Post by: Taunggyi Time
နွယ်လေး။
စက်တင်ဘာလ ၂ ရက်၊ ၂၀၀၈ ခုနှစ်။
မြန်မာတပ်အား ပအိုဝ်းအဖွဲ့ ခြုံခိုတိုက် မြန်မာစစ်တပ်မှ ၈ ဦး သေဆုံးဟု ပအိုဝ်းအဖွဲ့မှ ပြော
ရှမ်းပြည်တောင်ပိုင်း ဆီဆိုင်မြို့နယ်အတွင်း ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေး အဖွဲ့ (PNLO) သည် ဆီဆိုင် မြို့မှ ပြန်လာသည့်
မြန်မာစစ်အစိုးရတပ်ဖွဲ့များကို ခြုံခိုတိုက်ခိုက်ရာ မြန်မာစစ် တပ်ဘက်မှ
(၈) ဦး သေဆုံးပြီး ဒဏ်ရာ အများပြား ရသည်ဟု ပအိုဝ်းအမျိုးသား
လွတ်မြောက်ရေးတပ်ဖွဲ့က ပြောသည်။ သြဂုတ်လ
(၃၁) ရက်နေ့တွင် ခလရတပ်ရင်း ၄၂၅၊ ၄၂၆ နှင့်အတူ တောင်ကြီးမြို့
ကုန်းလမ်းပို့ဆောင် ဆက် သွယ်မှု ညွန်ကြားရေး ဦးစီးဌာန(ကညန)၊ လူဝင်မှု
ကြီးကြပ်ရေးဌာန (လ၀က)၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ
ဖြိုးရေးအဖွဲ့မှ တာဝန်ရှိများသည် ဆီဆိုင်မြို့နယ် တွင်းရှိ
ကျေးရွာများတွင် အခွန်ငွေများကောက်ခံပြီး တောင်ကြီး သို့ အပြန်
နမ့်အောနှင့် ထီတမောင်း ကျေးရွာကြား ဆီဆိုင်-တောင်ကြီး ကားလမ်းမတွင်
(PNLO) တပ်ဖွဲ့နှင့် တစ်နာရီခန့် တိုက်ပွဲဖြစ်ခဲ့ခြင်းဖြစ်သည်။ ဆီဆိုင်မြို့နယ်တွင်းရှိ ကျေးရွာများတွင် ဒေသခံများကို အခွန်အခများ
ကောက်ခံသည်ကို မကျေနပ်သဖြင့် (PNLO) အဖွဲ့မှ ဗိုလ်မှုးကျော်ထင် ဦးစီးပြီး
ခြုံခိုတိုက်ခိုက်သည်ဟု ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့
ဗဟိုကော်မတီဝင်တဦးဖြစ်သှူ ခွန်ကျွဲထိုက ယခုလို ပြောသည်။ “နအဖစစ်သားတွေက မြို့နယ်ကိုလာပြီးတော့ လူထုကို အနိုင်ကျင့်တယ်။
မတရားအခွန် ကောက်ပြီး ပြန်လာတဲ့ သူတို့ အဖွဲ့ကို စောင့်ပစ်တာ။ လူထုဆီက
ခြံမြေကို မတရားသိမ်းတယ်။ ဆိုင်ကယ် တစ်စီး လိုင်စင်လုပ်ပေးတာကို ၁၀ သိန်း
ထိယူတာမျိုး အများကြီးယူတယ်။ ပြည်သူ တွေက အားကိုးရာမဲ့ တော့ ဘာမှ
မတတ်နိုင်ဘူး။ လိုင်စင်လုပ် နိုင်သူက လုပ်ပြီး မတတ်နိုင်တဲ့ သူတွေက
ဆိုင်ကယ်ကို ၀ှက် ထားရတာမျိုး။ သက်သေခိုင်လုံမှု မရှိပဲနဲ့ မတရားစွပ်စွဲ
ဖမ်းဆီးတာမျိုး တွေလုပ်တယ်။ လွယ်တဖရီး ကျေးရွာက ရွာသူကြီး တစ်ယောက်ကို
တော်လှန်ရေးအင်အားစုကို ဆက်ကြေးပေးရကောင်းလား ဆို ပြီး မတရားဖမ်းဆီး
ရိုက်နှက် တယ်။”
ကျေးရွာလူထုများကို အတင်းအဓမ္မ အခွန်ကောက်ယူခြင်း၊ အဓမ္မစေခိုင်းခြင်း၊
လူ့အခွင့်အရေး ချိုးဖောက်ခြင်း ဆက်လက်ပြုလုပ်ပါက စစ်ရေးအရ
အရှိန်မြှင့်လုပ်ဆောင်သွားမည်ဟု ခွန်ကျွဲထိုက ပြောသည်။ “ပြည်သူလူထုကို မတရားအခွန် ကောက်ခံတာကို သူတို့ဘက်က တတ်နိုင်သမျှ
နောက်ဆုတ်ပေးပါ။ ဒါမှ မဟုတ်ရင် ကျနော်တို့ဘက်က စစ်ရေး အရှိန်ပိုမြင့်တက်
မယ်လို့” ပြီးခဲ့သည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် မြန်မာစစ်အစိုးတပ် ခမရ ၄၂၃ က
ဆီဆိုင်မြို့နယ်ရှိ ရွာသူကြီး သုံး ယောက်အား PNLO အဖွဲ့ကို ဆက်ကြေးပေးသည့်
မသင်္ကာ မှုဖြင့် ဖမ်းဆီးပြီး စစ်ဆေးရိုက်နှက်ရာ ယခုချိန်ထိ ရွာသူကြီး
တဦးသည် တောင်ကြီးမြို့ ဆေးရုံကြီးတွင် အတွင်းလူနာအဖြင့် ကုသမှု ခံနေရသည်။ ပီအဲန်အယ်အို အဖွဲ့မှာ အပစ်ရပ် ရှမ်းပြည်လူမျိုးပေါင်းစုံ
ပြည်သူ့လွတ်မြောက်ရေး အဖွဲ့မှ ၂၀၀၆ ခုနှစ် အတွင်းက ခွဲထွက်ပြီး
တောပြန်ခိုလာသော အဖွဲ့ဖြစ်သည်။ မြန်မာတပ်မှ ဆီဆိုင်မြိ့နယ်အတွင်း လူထုထံ အခွန်ကောက်ခံခြင်းများ
ယခင်ကပင်ရှိခဲ့ပြီး ယခုချိန်ထိ လူထုများ မှာ မြန်မာအစိုးရနှင့်
အပစ်ခတ်ရပ်စဲထားသည့် ဒေသခံအဖွဲ့စည်းများထံ တိုင်ကြားသော်လည်း တစုံတရာ
ဆောင် ရွက်ပေးခြင်း မရှိဟု ဒေသခံများက ပြောသည်။
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Tuesday, 23 September 2008 )
ပြည်တွင်းအင်တာနက်အသုံးပြုသူများ လုံခြုံမူ့မရှိ
ပိုစ့်တင်ပေးသူမှာ နေလ
Tuesday, 23 September 2008
Orginal Post by: ဦးကုလား
၂၂၊ စက်တင်ဘာ၊ ၂၀၀၈။
မြန်မာနိုင်ငံမှာ
အင်တာနက်အသုံးပြုမှုပိုမိုးများပြားလာသည်နှင့်အမျှ
အင်တာနက်သုံးစွဲသူတို့ရဲ့ ကိုယ်ရေးကိုတာအချက်အလက်များအပါအ၀င် မည်သည့်
password မဆို လုံခြုံမှုရှိရန်အင်မတန်မှအားနည်းလျှက်ရှိပါသည်။ ယခင်က mpt
mail အ၀င်အထွက်များကို monitor လုပ်စစ်ဆေးသလိုမျိုး မဟုတ်တော့ဘဲ အခုအခါ
အသုံးပြုသူတွေရဲ့ ကိုယ်ပိုင် account များကို
ဝင်ရောက်ကြည့်ရှုခြင်းမျိုးဖြစ်ပါတယ်။ မြန်မာတစ်နိုင်ငံလုံးမှာ
အင်တာနက်သုံးစွဲနိုင်ဖို့ စစ်အစိုးရက ပြည်သူလူထုကို
အကန့်အသတ်ဖြင့်ခွင့်ပြုထားပြီး အင်တာနက်သုံးစွဲနိုင်သောဆိုင်းပေါင်း ၂၄၀
ခန့်ကိုတရားဝင် လုပ်ငန်းလိုင်စင်များဖြင့်ခွင့်ပြုခဲ့ပါသည်။
တစ်ချို့ဆိုင်တွေမှာ
password ကိုဖမ်းထားတာမျိုးတွေရှိနေသလို Main Admin စက်မှနေပြီးတော့
(Screen Shot) လုပ်တာမျိုးတွေရှိနိုင်ပါတယ်။
ကိုယ်ပိုင်စက်ဖြင့်သုံးနေသူများလည်း Network လုံခြုံမှုမရှိပါ မိမိသည်
မည်သည့် ၀က်ဆိုက်ကိုကြည့်နေသည် မည်မျှကြည့်နေသည်ကို ဟံသာဝတီ ဂိတ်ဝေးမှနေ၍
သိရှိနိုင်ပါသည်။ စစ်အစိုးရသည် ပြည်တွင်းအင်တာနက်အသုံးပြုသူများကို
အမြဲမပျက်စောင့်ကြည့်လျှက်ရှိနေပြီး
ပြည်တွင်းအင်တာနက်ကိုပိုမိုထိမ်းချုပ်လာနိုင်ရန်အတွက်
ပြည်ပမှပညာတော်သင်ရောက်ရှိလာသူ ရုရှားပြန်များကို မြန်မာ အိုင်အက်စ်ပီ ၂
Internet Service Provider ဟံသာဝတီ ဂိတ်ဝေးတွင် အရပ်သားပုံစံဖြင့်
ခန့်အပ်ထားပြီး လုပ်ငန်းများစတင်လုပ်ဆောင်လျှက်ရှိပါသည်။ ထိုမှတစ်ဆင့်
စစ်အစိုးရအား ၀ါဒဖြန့်ဆန့်ကျင်သော မည်သူ့ကိုမဆို တိုက်ခိုက်ရန်
ပြင်နေကြောင်း စုံစမ်းသိရှိရပါသည်။
ဦးကုလား
နောက်ထပ် အကြောင်းအရာများ ...
<< Start < Prev 1 2 3 4 5 6 7 8 Next > End >> Results 34 - 44 of 83