မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
ညော်ရွေဟော်နန်းအား နအဖစစ်အစိုးရက ဗုဒွပြတိုက်အဖြစ်ပြောင်းလဲ
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 30 January 2009

ညောင်ရွှေမြို့ (ယခင်ညောင်ရွှေစော်ဘွားဟော်နန်း) သမိုင်းပြတိုက်ကို ဗမာစစ်အစိုးရက ဗုဒ္ဓပြတိုက်အဖြစ် ပြောင်းလဲလိုက် ကြောင်း ဒေသခံသတင်းရပ်ကွက်က ဆိုသည်။

ညောင်ရွှေဟော်နန်း

လွန်ခဲ့သော မေလ ၂၀၀၈ ခုနစ်က နန်းတော်တွင်း၌ခင်းကျင်းပြသထားခဲ့သော သျှမ်းစော်ဘွားများ၏ အသုံး အဆောင်လက် ၀တ်တန်ဆာများဖြစ်သည့်ဝတ်ရုံများ၊ ယွန်းထည်ပစ္စည်းများ၊ ရှေဟောင်းလက်နက်ကြီးများနှင့် စော်ဘွားပလ္လင်များအပါ အ၀င် ရှေးဟောင်းပစ္စည်းများ မရှိတော့ဘဲ ဘုရားဆင်းတုတော်များကိုသာတွေ့မြင်ရကြောင်း ဒေသခံတစ်ဦးက ပြောသည်။

ညောင်ရွှေဟော် နန်းတွင်းပစ္စည်း

ပစ္စည်းတွေဘယ်ရောက်ကုန်လဲတော့မသိဘူး။ အခုအဲဒီမှာ သူတို့ယူလာတဲ့ ဘုရားဆင်း တုတော်တွေ ဘဲရှိတယ်” ဟု သူက ဆိုသည်။ “အဲဒီဘုရားတွေ အရင်ကမမြင်ဖူးဘူး၊ ဘယ်ကယူလာတာလဲမသိဘူး” ဟု ဆက်၍ပြောသည်။ ဟော်နန်းအတွင်းရှိ မူလရှေးဟောင်းပစ္စည်းများကို အာဏာပိုင်တို့ နေပြည်တော်သို့သယ်ဆောင်သွားကြောင်း ဒေသခံများက ပြောသည်။

မူလသျှမ်းဘာသာအဓိပ္ပါယ် ယောင်ဟွေ့ (ချိုင့်ဝှမ်းရှိုစပါးကျီ) မှ ညောင်ရွှေဟု ဗမာမှုပြုအသံဖလှယ်လိုက် သော၎င်းမြို့သည် သျှမ်းစော်ဘွားများအုပ်ချုပ်သည့် ပြည်နယ်မြို့တော်များအနက် ရှေးအကျဆုံးမြို့တစ်မြို့ဖြစ်သည်။ ခရစ်နှစ် A.D 1369 ကတည်းက တည်ထောင်ခဲ့သော သျှမ်းစော်ဘွားပြည်နယ်တခု၏ ခေတ် အဆက်ဆက် မိရိုးဖလာအဖိုးတန်ရှေးဟောင်း ပစ္စည်း ထားရှိရာ အဆိုပါ ယောင်ဟွေ့ ဟော်နန်းကို မဆလခေတ်ကတည်းက သမိုင်းပြတိုက်အဖြစ် ပြောင်းလဲခဲ့သည်။

ယောင်ဟွေ့နယ်ကိုအုပ်စိုးခဲ့သော နောက်ဆုံးမင်းမှာ ပြည်ထောင်စု မြန်မာနိုင်ငံတော်၏ပထဦးဆုံး သမ္မတဖြစ်သူ သတိုးမဟာ သရေစည်သူ စ၀်ရွှေသိုက်ဖြစ်၏။ ၎င်း၏ကြင်ယာတော်ကား သျှမ်းပြည်တပ်မတော် အက်စ်အက်စ်အေ ကိုဦးဆောင်တည် ထောင်ခဲ့သူ မဟာဒေ၀ီစ၀်နန်းဟိန်းခမ်း ဖြစ်သည်။

အလားတူပင် သျှမ်းပြည်မြောက်ပိုင်း သီပေါစော်ဘွားစ၀်ကြာဆိုင်၏ ဟော်နန်းကိုလည်း စစ်အာဏာပိုင်များက မည်သူမှ မ၀င်ရ အမိန့်ဖြင့်ချိတ်ပိတ်လိုက်ပြီဖြစ်ကြောင်း ဒေသခံများကပြောသည်။

 

 

 
၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြားနိုင်ဟု နအဖ စစ်ဗျူဟာမှူးပြော
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 30 January 2009
 
ယခုလ ဆန်းပိုင်း၌ ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ကြီးမှူး၍ဌာနပေါင်းစုံ ၀န်ထမ်းများအစည်းအဝေး ဆင့်ခေါ် ကျင်းပရာ “အကြောင်းအမျိုးမျိုးကြောင့် ၂၀၁၀ ရွေးကောက်ပွဲ ပျက်ပြား/ ရက်ပြောင်းနိုင်ဖွယ်ရှိကြောင်း" ထည့်သွင်း ပြောကြား သွားသည်ဟု ထိုအစည်းအဝေးတက်ရောက်သူ ၀န်ထမ်းတဦးကဆိုသည်။

ယခုလ ၂ ရက်နေ့ကသျှမ်းပြည်တောင်ပိုင်း ကွန်ဟိန်းအခြေစိုက် နအဖ စစ်ဗျူဟာမှူး ဒုဗိုလ်မှူးကြီးတင်မောင်ရွှေမှ ကွန်ဟိန်းမြို့ပေါ်ရှိ လူဝင်မှုကြီးကြပ်ရေး၊ မြေတိုင်း၊ ရဲ၊ မီးသတ်၊ ကျန်းမာရေး၊ ပညာရေး၊ မိခင်ကလေးများအသင်းမှအစ မော်တော်ယာဉ်လိုင်း ပါမကျန် ၀န်ထမ်းများစုံညီ အစည်းဝေးဆင့်ခေါ်ကျင်းပခဲ့ကြောင်း၊ ထိုအစည်းအဝေး၌ - “၂၀၁၀ ရွေးကောက်ပွဲ ဖြစ်ချင်မှဖြစ်တော့မယ်၊ အစီ အစဉ်ပြောင်းရွှေ့ရင်ပြောင်းမယ်” ဟုထည့်သွင်းပြောဆိုသွားခဲ့သည် ဟုဆိုသည်။

အသက် ၄၀ ကျော် ၀န်ထမ်းတဦးက - “၂၀၁၀ ရွေးကောက်ပွဲဖြစ်ချင်မှဖြစ်မယ်ဆိုတာက အကြောင်းရပ် ၄ ခုရှိတယ်လို့ ပြောတယ်။ (၁) ပြည်တွင်းပြည်ပ အဖျက်အမှောင့်/သောင်းကျန်းသူတွေ စီမံကိန်းနဲ့ ၀င်ရောက်နှောင့်ယှက်မယ်လို့သတင်း ရထားလို့၊ (၂) ရခိုင် ဘက်က ဂက်စ်ကြောင့်ဖြစ်တဲ့ ဘင်္ဂလားဒေ့ခ်ျ နဲ့ နယ်ခြားပြဿနာ၊ (၃တိကျတဲ့လူဝင်ထွက်/ သန်းခေါင် စာရင်း မှတ်ပုံတင်မပြီးပြတ် နိုင်သေးတာရယ် (၄) မူးယစ်ဆေးဝါး တိုက်ဖျက်ရေးစီမံချက် မပြီးပြတ်သေးတဲ့ပြဿနာကြောင့် ဆိုဘဲ”- ဟု ပြန်လည်ပြောပြ၏။

ယခုလ ၂၀ ရက်နေ့တွင်လည်း ဗျူဟာမှူးကြီး ဒုဗိုလ်ကြီးတင်မောင်ရွှေက ကွန်ဟိန်းမြို့ တာကော်အုပ်စု ဟန်နားရွာ နှင့် ဖန်လန်းရွာ မှ ပြည်သူ့စစ်ခေါင်းဆောင်များကိုဆင့်ခေါ်၍ သျှမ်းသူပုန်ချေမှုန်းရန်အတွက် နအဖ စစ်ကြောင်း နှင့်အတူ ရှေ့တန်းတက်ဖို့ ပြည်သူ့ စစ်များအားစစ်ရေး လေ့ကျင့်ခိုင်းပြီး အော်တိုသေနတ်လည်းထုတ်ပေးမည်ဟုဆို၏။

ကာလိကျေးရွာအုပ်စုမှ အသက် ၂၀ ကျော် မော်တော်ဆိုင်ကယ်ရောင်းဝယ်သူတဦးက - “ကျနော်တို့ကတော့ရွေးကောက်ပွဲ ဖြစ်ဖြစ် မဖြစ်ဖြစ် စိတ်မ၀င်စားဘူး။ အဲဗျူဟာမှူးလည်းသိပ်မခေပါဘူး - သူရောက်လာကတဲ့က အိမ်အလုပ်ကိုကောင်း ကောင်း မလုပ်ရဘူး၊ ပြည်သူ့စစ်ဆို တကဲ့စစ်သားအတိုင်း စစ်ရေးအဆက်မပြတ်လေ့ကျင့်ခိုင်းတယ်။ နောက်ပြီး ရွှေတိဂုံ ပုံတူ စေတီပြုပြင်မွမ်းမံဖို့ ကျနော်တို့အုပ်စုကို ၀ါးလုံးအလုံးရေ ၁၀၀၀ ဆင့်ခေါ်ထားသေးတယ်” - ဟုဆို၏။

 

 
မိုးတွေရွာနေလဲ ..
ပိုစ့်တင်ပေးသူမှာ နေလ   
Saturday, 10 January 2009

မိုးတွေရွာနေလဲ ဦးခွန်ထွန်းဦးနဲ့နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ဖို့ တောင်းဆိုကြ

ယနေ့ ဇန်န၀ါရီလ ၉ ရက်နေ့ပေါ့..။ လစဉ်လတိုင်း ၉ ရက်နေ့ရောက်ပြီဆိုရင် စိုင်းတို့ရဲ့ သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးအပါအ၀င် နိုင်ငံရေးအကျဉ်းသားတွေလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြနေပါတယ်။ ဒီနေ့ကတော့ ဂျပန်ရာသီဥတုက နှင်းကျမယ်လို့ပြောထားပေမယ့်၊ နှင်းအစား မိုးတွေဘဲရွာချလာပါတယ်။ အေးအေးချမ်းချမ်း မိုးရေထဲမှာ စစ်မှန်သောဒီမိုကရေစီရရှိဖို့အတွက် ကြိုးပမ်းပေးနေတဲ့ခေါင်းဆောင်ကြီးတွေကိုဖမ်းဆီးထားလို့ အမြန်ဆုံးပြန်လွတ်ပေးရေးအတွက် ကမ္ဘာ့ကုလသမ္မကရုံးရှေ့မှာ ညနေ၃နာရီမှ ၄ နာရီအထိ စုရုံးတောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံရေး ရဲဘော်အပေါင်း အယောက် ၈၀ ကျော်တတ် ရောက်ခဲ့ကြပါတယ်။ မိုးရေတွေနဲ့ချမ်းအေးနေပေမယ့် ခေါင်းဆောင်ကြီးတွေ လွတ်မြောက်စေဖို့အတွက် ဘယ်လိုဘယ်ပုံလုပ်သင့်တယ်၊ လူငယ်တွေကလည်း ခေါင်းဆောင်ကြီးတွေချမှတ်ခဲ့တဲ့ လမ်းစဉ်တွေကို အနာဂတ်မျိုးဆက်အနေနဲ့ ဆက်လုပ်သွားဖို့ တက်ကြွစွာလုပ်ဆောင်ကြဖို့ နိုင်ငံရေးအဖွဲ့အသီးသီးမှ တာဝန်ရှိသူများက ပြောကြားခဲ့ ပါတယ်။ ဒီနေ့ကျင်းပခဲ့တဲ့မှတ်တမ်းဓါတ်ပုံတွေပါ။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Saturday, 10 January 2009 )
 
ရုံးခန်းလိပ်စာပြောင်းရွေ့ခြင်း
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 04 January 2009
၂၀၀၉ ခုနှစ် နှစ်သစ်မှာ မင်္ဂလာအပေါင်းနှင့် ပြည့်စုံပါစေ။ ဒီမိုကရေစီတိုက်ပွဲအောင်မြင်ပါစေ။

သျှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ (ဂျပန်) SHAN NATIONALITIES FOR DEMOCRACY ( JAPAN ) ( SND- JAPAN )
ရုံးခန်းလိပ်စာသစ်အား အောက်ပါအတိုင်း ပြောင်းရွေ့သွားပြီဖြစ်ကြောင်း အားလုံးသော အဖွဲ့ဝင်များကို အကြောင်းကြား အသိပေးအပ် ပါသည်။

ရုံးခန်းလိပ်စာသစ် ဆက်သွယ်ရန်..

IKEBUKURO HONCHO BUILDING ROOM NO. (302)
1-7-1 IKEBUKURO HONCHO
TOSHIMA-KU , TOKYO
〒 170-0011, JAPAN.

ရုံးခန်းဖုန်းနံပါတ်ကို မကြာခင်ပြန်လည်အကြောင်းကြားပါမည်။

 
သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး အီတလီဂုဏ်ထူးဆောင်နိုင်ငံသားဆု ချီး
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 18 December 2008

ဗုဒ္ဓဟူးနေ့၊ 10 ဒီဇင်ဘာလ 2008 သျှမ်းသံတော်ဆင့်

ကချင်ပြည်နယ် ပူတာအိုအကျဉ်းထောင်၌  အကျဉ်းကျခံနေရသူ သျှမ်းခေါင်းဆောင် SNLD ဥက္ကဌ စ၀်ခွန်ထွန်းဦး ကို အီတလီနိုင်ငံ မွန်ဇာမြို့တော်ဝန်က ဂုဏ်ထူးဆောင်နိုင်ငံသားဆုချီြး မင့်ခဲ့ပါသည်။ ယခုလ ၉ ရက်နေ့က မွန်ဇာ မြို့တော်ခန်းမ၌ ကျင်းပ သောဆုပေးပွဲ အခမ်းအနားကို ဦးခွန်ထွန်းဦး ကိုယ်စား ဘရပ်ဆဲလ် အခြေစိုက် ဥရောပ မြန်မာရုံး လက်ထောက် ညွန်ကြားရေးမှူး ဦးဘိုဒီဇော်မင်းက တက်ရောက် လက်ခံခဲ့ပါသည်။ 

၎င်းနဲ့ပတ်သက်ပြီး ဥရောပ-မြန်မာရုံး ညွန်ကြားရေးမှူး စ၀်ဟန်ယောင်ဟွေ့က " ကျနော်တို့ သျှမ်းခေါင်းဆောင် တွေတကယ့်ကို ကိုယ်ကျိုးစွန့် အနစ်နာခံခဲ့တယ်ဆိုတာ ကမ္ဘာက အသိအမှတ်ပြုလိုက်တာပါဘဲ။  နှစ်ရှည်ထောင် ကျခံ နေရပေမဲ့ ကျန်းမာရေး ကောင်းဖို့အဓိက ဖြစ်နေတဲ့အတွက် စိတ်ဓါတ်မကျဖို့၊ ကျန်းမာရေးဂရုစိုက်ဖို့ ကျနော် က အားပေးစကားပြောချင်ပါတယ်။ ဆက်လုပ်စရာရှိတာကို ကျနော်တို့နောင်လာနောက်သားတွေ ဆက်လုပ်သွား မယ်လို့လဲ ပြောချင်ပါတယ်" လို့ပြောပါတယ်။ 

သျှမ်းခေါင်းဆောင်များ နှစ်ရှည်ထောင်ဒဏ်ကျခံရမှုကြောင့် အမျိုးသားရေးတက်ကြွလှုပ်ရှားသူ သျှမ်းမျိုးဆက်သစ် လူငယ်များ အနည်းငယ်တုန့်နှေးသွားခြင်းနှင့် ပတ်သက်၍ စ၀်ဟန်ယောင်ဟွေ့က "ဖြစ်နိုင်တယ်။ အမျိုးသားရေး တက်ကြွလှုပ်ရှားသူတိုင်းကို စစ်အစိုးရက နှစ်ရှည်ထောင်ဒဏ်တွေပေးပြီး မိသားစုထောင်ဝင်စာတွေ့ဖို့ခက်တဲ့  ဗမာ ပြည်  နယ်စွန်နယ်ဖျားကို ပို့ပို့ပစ်တာဟာ မျိုးဆက်သစ်လူငယ်တွေနိုင်ငံရေး၊ အမျိုးသားရေးမလှုပ်ရှားရဲအောင် လုပ်ပြတာဖြစ်တယ်။ ဒါပေမဲ့ ကျနော်တို့ ကြောက်သည်ဖြစ်စေ မကြောက်သည်ဖြစ်စေ မြန်မာပြည်ကြီးဒီမိုကရေစီ မရမချင်း၊ စစ်မှန်သော ပြည်ထောင်စုကြီးမဖြစ်မချင်း၊ စစ်အာဏာရှင်မကျဆုံးမချင်း ကျနော်တို့တိုင်းရင်းသား တွေဟာဖိနှိပ်မြဲဖိနှိပ်ခံနေရဦး မှာဘဲ။ ဒါကြောင့်ကြောက်ရွံ့လို့မနေနဲ့၊ တုန့်နှေးလို့မနေနဲ့၊ လုပ်စရာရှိတာလုပ်သွားပါ။ သူများကိုသွားအားကိုးနေလို့မြ ဖစ်ဘူး။ ကိုယ့်ကိုယ်ကို ပြန်အားကိုးရမယ်။ ကိုယ့်အချင်းချင်း စည်းလုံးရမယ်။ စည်း စည်းလုံးလုံးနဲ့ လုပ်စရာရှိတာလုပ်သွားရင် ကိုယ်မျှော်မှန်းတဲ့ပန်းတိုင် မလွဲမသွေရောက်မှာဘဲ။ ယခုနအဖရဲ့ လုပ် ရပ်ဟာ ခြိမ်းခြောက်တာသက်သက်ဘဲဖြစ်တယ်။ လုပ်စရာရှိတာဆက်လုပ်သွားရင် သူတို့လဲ ဘယ်လိုမှမတတ် နိုင်ပါဘူး။ ကျနော်တို့ ခေါင်းဆောင်တွေလဲ အဖမ်းခံရသည့်တိုင်အောင် မကြောက်မရွံ့ စိတ်ဓါတ်ကြံ့ခိုင်နေသေး တာဘဲ။ သူတို့လမ်းပြတဲ့အတိုင်း ဆက်လုပ်သွားဖို့ ကျနော်တိုက်တွန်းအားပေးချင်တယ်" ဆက်ပြောပါတယ်။ 


 
နှစ် ၆၀ ပြည့် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ စီတန်းလှည့်လည်..
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 18 December 2008

Orginal Post By: AUN Japan

ဒီဇင်္ဘာလ ၁၀ ရက်နေ့သည် နိုင်ငံတကာ လူ့အခွင့်အရေးနေ့ ဖြစ်ပါတယ်။ ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးနေ့မှာ ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများ နဲ့ နိုင်ငံရေးအဖွဲ့အစည်းများ၊ မြန်မာ့အရေး ကူညီဆောင်ရွက် လုပ်ကိုင်ပေးနေကြတဲ့ ဂျပန် နဲ့ နိုင်ငံတကာ အစိုးရမဟုတ်သော အဖွဲ့အစည်းများ (NGOs) တို့ မြန်မာ့ရေးရာ ပြည်သူ့အဖွဲ့ (People Forum on Burma) ဦးဆောင်စည်းရုံးမှုနဲ့ တိုကျိုမြို့  (Tokyo) ရှီဘူရာ ပန်းခြံ (Shibura Park) မှာ စုရုံးပြီး တိုကျိုမြို့ ထဲကို စည်းကမ်းတကျ စီတန်းလှည့်လည်ကာ မြန်မာနိုင်ငံမှာ စစ်အစိုးရရဲ့  မတရားဖမ်းဆီး ထောင်ချအပြစ်ပေးမှု၊ နိုင်ငံရေး ဖိနှိပ်မှုများ၊ လူ့အခွင့်အရေးချိုးဖောက်မှုများ ကို ဆန္ဒပြ တောင်းဆိုကြပါတယ်။

 

 
Happy Shan New Year 2103
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 28 November 2008


 

သျှမ်းနှစ်သစ်ကူးပွဲတော်ကို ဂျပန်နိုင်ငံရောက်သျှမ်းတိုင်းရင်းသားများက ၂၀၀၈ ခုနှစ် နိုဝင်ဘာလ ၂၃ ရက်နေ့တွင် Soohi Seikatsu Center,Takadano Baba တွင် စည်းကားစွာကျင်းပခဲ့ပါတယ်..။ သျှမ်းသက္ကရာဇ် ၂၁၀၃ ခုနှစ်ပြည့်ခဲ့ပါပြီ။။။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Friday, 28 November 2008 )
 
မစ္စတာ ဂန်ဘာရီ မြန်မာပြည်လာရန် စစ်အစိုးရဖိတ်ကြား
ပိုစ့်တင်ပေးသူမှာ နေလ   
Tuesday, 04 November 2008

ဧရာဝတီ နိုဝင်ဘာ ၃၊ ၂၀၀၈
ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေးအရာရှိ မစ္စတာ အီဗရာဟင် ဂန်ဘာရီကို ယခုလနောက်ဆုံးအပတ် (သို့မဟုတ်) ဒီဇင်ဘာလဆန်းပိုင်းတွင် မြန်မာနိုင်ငံသို့ လာရောက်ရန် စစ်အစိုးရက ဖိတ်ကြားလိုက်သည်။
မစ္စတာ ဂန်ဘာရီ ခရီးစဉ်နှင့်ပတ်သက်၍ အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့ ကုလသမဂ္ဂ ဌာနချုပ်ရှိ တာဝန်ရှိသူများက လွန်ခဲ့သည့် သြဂုတ်လခရီးစဉ်ကဲ့သို့ ထပ်မံကြုံတွေ့မည်ကိုလည်း စိုးရိမ်လျက် ရှိသည်။
လွန်ခဲ့သည့် သြဂုတ်လက မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံသို့ ရောက်ရှိနေစဉ် ကာလအတွင်း နအဖ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံ ခွင့်မရသကဲ့သို့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကလည်း တွေ့ဆုံရန်ငြင်းပယ်ခဲ့သည်။
မစ္စတာ ဂန်ဘာရီနှင့် စစ်အစိုးရ၏ ကုလသမဂ္ဂကိုယ်စားလှယ် ဦးကျော်တင့်ဆွေ တို့ တွေ့ဆုံခဲ့အပြီး မြန်မာနိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခံရခြင်း ဖြစ်သည်။ မစ္စတာ ဂန်ဘာရီက မြန်မာနိုင်ငံသို့ သွားရောက်မည့် နေ့ရက် အတိအကျကိုမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။
မစ္စတာ ဂန်ဘာရီ၏ ယခုအကြိမ်ခရီးစဉ်သည်လည်း သြဂုတ်လခရီးစဉ်ကဲ့သို့ မအောင်မြင်မှုများနှင့် ထပ်မံကြုံတွေ့ရဦးမည်ဟု ကုလသမဂ္ဂ အရာရှိများက ယုံကြည်နေကြသည်။
လွန်ခဲ့သည့် သြဂုတ်လ မစ္စတာ ဂန်ဘာရီ မြန်မာနိုင်ငံမှပြန်သွားအပြီး အတိုက်အခံပါတီဖြစ်သည့် အန်အယ်လ်ဒီ အပါအဝင် မြန်မာ့ဒီမိုကရေစီအင်အားစုများက ၎င်းအား ဝေဖန်မှုများပြုလုပ်ခဲ့ကြသည်။ မစ္စတာ ဂန်ဘာရီ၏ မြန်မာနိုင်ငံ ဒီမိုကရေစီရေး ကြိုးပမ်းမှုများသည် အလုပ်မဖြစ်၊ လက်ဆုပ်လက်ကိုင်ပြနိုင်သည့် တိုးတက်မှုတစုံတရာမရှိဟု အန်အယ်လ်ဒီ ပါတီက ကြေညာချက်ထုတ်ပြန်ကာ ဝေဖန်ခဲ့သည်။မစ္စတာ ဂန်ဘာရီသည် ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ်တာဝန်ယူထားစဉ် ၂၀၀၆ ခုနှစ် မေလ နှင့် နိုဝင်ဘာလ များမှစတင်၍ မြန်မာနိုင်ငံသို့ ၂ ကြိမ်သွားရောက်ခဲ့ပြီး အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာအထူးအကြံပေး ပုဂ္ဂိုလ်တာဝန်ဖြင့် လွန်ခဲ့သည့်နှစ် စက်တင်ဘာလမှ ယခုနှစ် သြဂုတ်လ နောက်ဆုံးအကြိမ်အထိ မြန်မာနိုင်ငံသို့ ၄ ကြိမ် သွားရောက်ခဲ့သည်။

 
မုန်တိုင်းဒဏ်ခံ နေရာများတွင် နွားအစား ကျွဲပေးမည်
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 23 October 2008

Orginal Post By: ဟစ်တိုင် အွန်လိုင်မဂ္ဂဇင်း

အောက်တိုဘာ ၁၇။ ရဲအောင်သော်

နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရသည့် မြစ်ဝကျွန်းပေါ် ဒေသများတွင် သေဆုံးသွားသော ခိုင်းနွားများအစား ကျွဲများ အစားထိုး ဖြန့်ဝေသွားရန် မွေးမြူရေးဦးစီးဌာနက စီစဉ်လျက် ရှိသည်။

သီတင်းကျွတ်ပြီး၍ ထွန်တုံးပိတ်ချိန် ရောက်သည်အထိ မုန်တိုင်းဒဏ်ခံ ဒေသများတွင် ထောက်ပံ့ရေး ပြန်လည်ထူထောင်ရေး အစီအစဉ်များ မပြီးမြောက်သေးပါ။ ခိုင်းနွားများ နေရာတွင် ကျွဲများ အစားထိုးရန် စီစဉ်သော်လည်း နွားကိုသာ လယ်သမားများ ပိုမို သဘောကျကြပါသည်။

မေးမြန်းကြည့်ရာ “ကျွဲက ရေခဏခဏ စိမ်တယ်။ ရာသီဥတုဒဏ် မခံနိုင်ဘူး။ ကျွဲက နွားထက် သန်တယ်။ ဒါပေမယ့် နွားက ခိုင်းလို့ ပိုကောင်းတယ်”ဟု လယ်သမား မိသားစုမှ မြို့ရောက်လာသော လူငယ်များက ပြောကြားသည်။ ရွာတွင် ကျန်ခဲ့သည့် မိသားစုများကို စုဆောင်းငွေဖြင့် လယ်အတွက် ကျွဲနွား ၀ယ်ပေးရာတွင်လည်း ခိုင်းနွားများကိုသာ ဝယ်ပေးကြသည်။

နွားထီးမှာ နွားမထက် ဈေးပိုပြီး တောရွာများတွင် နို့စားနွားထက် ခိုင်းနွားသာ အဓိက မွေးမြူကြသည်။ နွားတစ်ကောင် အထီး သုံးလေးသိန်းဈေး ရှိကြောင်း သိရသည်။ မြို့တွင် နိုင်ငံခြားဖြစ် ဖရီရှန်၊ ဂျာစီနှင့် မြန်မာနွားနှင့် နိုင်ငံခြားနွားစပ်သော နွားများ ဈေးကောင်းသော်လည်း ရွာတွင်မူ လယ်ယာစိုက်ပျိုးရေးအတွက် မြန်မာခိုင်းနွားများကို ဝယ်ယူကြသည်။ နွားနေရာတွင် ကျွဲများ အစားထိုး ခိုင်းစေသွားမည့် အစီအစဉ်မှာ လက်တွေ့တွင် လယ်သမားများ၏ လိုအပ်ချက်နှင့် ကိုက်ညီမညီ မသေချာပါ။

“အရင်တုန်းကလဲ ငါးစပါးဆိုပြီး လုပ်သေးတယ်။ စပါးလဲစိုက် ငါးလဲမွေးဆိုပြီး လုပ်လိုက်တာ မအောင်မြင်ဘူး။ ငါးတွေလဲ ဥလန့်ကုန်တယ်။ စပါးလဲ ပျက်တယ်။ အခုက ကျွဲခိုင်းလို့ ပိုကောင်းရင် အစကတည်းက ကျွဲပဲ သုံးမှာပေါ့။ နွားပိုကြိုက်လို့ နွားသုံးတာ။ ကျွဲက အပူအခံနိုင်ဘူး။ ရေခဏခဏ စိမ်တယ်။ ရွှံ့အိုင်မြင်ရင် ဆင်းနေရော”ဟု နာဂစ်ကယ်ဆယ်ရေး လုပ်ခဲ့သည့် လူငယ်တစ်ဦးက ပြောကြားသည်။

 

 
ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင်
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 16 October 2008

Orginal Post By: The Irrawaddy

ဆောင်းပါး

ကျော်စွာမိုး | အောက်တိုဘာ ၁၄၊ ၂၀၀၈

မကြာသေးမီက အဖြစ်အပျက်များအရ ဒေါ်အောင်ဆန်းစုကြည်၏ ကျန်းမာရေးကို စိုးရိမ်ပူပန်ရမည့် အနေအထား ဖြစ်ခဲ့သည်။ သူ မရှိတော့လျှင် ဒီမိုကရေစီအရေးတော်ပုံ၏ အခြေအနေ မည်သို့ဆက်ဖြစ်မည်ကိုလည်း မေးခွန်းထုတ်စရာ ဖြစ်လာခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်ကို ၁၉၉၆ ခုနှစ်က အင်းယားကန်ဘေးရှိ နေအိမ်တွင် တွေ့ရစဉ် (ဓာတ်ပုံ- Nic Dunlop/Panos)

 

ဒေါ်အောင်ဆန်းစုကြည် မရှိတော့လျှင် မြန်မာပြည်အခြေအနေ မည်သို့ ဖြစ်လာ မည်နည်း။ အခြေအနေကို စိတ်ကူး ကြည့်ကြပါစို့။ မြန်မာစစ်ဗိုလ်ချုပ်များက ဤကဲ့သို့အခြေအနေမျိုးကို အိပ်မက်နေကြသည်မှာ ကြာပြီဖြစ်ပြီး ထိုသို့ဖြစ် စေချင် နေသည်မှာလည်း သံသယရှိစရာ မလိုပေ။ သို့သော် အများစုသော မြန်မာပြည်သူများ အတွက်မှာမူ အလွန်အမင်းစိတ်ပျက် အားလျော့ဖွယ် အခြေ အနေဖြစ်သည်။ မြန်မာနိုင်ငံ ဒီမိုကရေစီလှုပ်ရှားမှုအတွက် တန်ဖိုး မဖြတ်နိုင် သည့် ခေါင်းဆောင်ကို ဆုံးရှုံးရမည် ဖြစ်သောကြောင့်ပင်။

 

ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းသားဖြစ်နေစေဦး သူ့တွင် ဧရာမခွန်အား အစွမ်းသတ္တိရှိနေသေးသည်။ လက်နက်များ အကြီးအကျယ် တပ်ဆင်ထားသည့် စစ်ဗိုလ်ချုပ်များ၏ နှလုံးသားထဲထိ စိုးရိမ်ကြောက်ရွံ့နေရလေအောင် ထိုးနှက် နိုင်စွမ်း ရှိသူလည်း ဖြစ်သည်။ စစ်အုပ်ချုပ်ရေး သံဖိနပ်အောက်၌ ၄၆ နှစ်တာ ရှင်သန်ရုန်းကန်ခဲ့ရသူ ခွန်အားအာဏာမဲ့နေသည့် ပြည်သူများကို စိတ်ဓာတ် ရေးရာအရ ခွန်အားမြှင့်ပေးနိုင်သူလည်း ဖြစ်သည်။ သူက မြန်မာပြည်အတွက် မျှော်လင့်ချက် လည်း ဖြစ်သည်။

 

မကြာသေးမီက အစားအသောက်များ လက်ခံရန် ဒေါ်စုက ငြင်းဆန်နေသည် ဆိုသည့် သတင်းများထွက်ပေါ်လာသည့်အခါ လူအများ စိုးရိမ်စိတ် ပွားကြရ သည်။ သူ့ ကျန်းမာရေးကို ပူပန်ကြသလို သူမရှိသည့်နောက်ပိုင်း နိုင်ငံအရေး ကိုလည်း တွေးပူကြသည်။

 

ယခုကာလ အတောအတွင်း သူ့ကို တွေ့ခွင့်ရှိသူ ၂ ဦးဖြစ်သည့် ရှေ့နေနှင့် ဆရာဝန်တို့က ဒေါ်အောင်ဆန်းစုကြည်သည် သြဂုတ်လလယ် ပိုင်းမှစ၍ မတရားချုပ်နှောင်ထားမှုကို ဆန့်ကျင်ကန့်ကွက်သည့် အနေနှင့် ဆန္ဒပြနေခဲ့သဖြင့် ပို၍ ပိန်သွားကာ အဟာရ ချို့တဲ့လာပုံရသည်ဟု ဆိုကြသည်။

 

ဤသည်မှာ သူ့အတွက် အစာငတ်ခံဆန္ဒပြခြင်းဟု မဆိုနိုင်သေးပေ။ ဆယ်စုနှစ် ၂ ခုကျော် ကာလအတွင်း၌ ဒေါ်အောင်ဆန်း စုကြည် အနေနှင့် ပထမဦးဆုံးနှင့် တကြိမ်တခါသာ အစာအငတ်ခံ တောင်းဆိုခြင်း ပြုခဲ့သည်ဟုဆိုရမည်။ ၁၉၈၉ ခုနှစ် အစောပိုင်းကာလများအတွင်း ပထမအကြိမ် သူ အိမ်အချုပ်ကျခံရစဉ်က အစားအစာများ လက်ခံရန် ငြင်းဆန်၍ တခြား သော သူ၏ရဲဘော် လုပ်ဖော်ကိုင်ဖက်များနှင့် အတူတူ ချုပ်နှောင်ရန် တောင်းဆိုခဲ့သည်။ သို့သော် ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် သူ၏ လုပ်ဖော်ကိုင်ဖက် ဒီမိုကရေစီ အရေး လှုပ်ရှားသူများကို နှိပ်စက်ညှဉ်းပန်းမှု မပြုပါမည့် အကြောင်း အာမခံစကား ကြားရပြီးနောက်တွင်မှ ဆန္ဒပြနေမှုကို ရုပ်သိမ်းပေးခဲ့ခြင်း ဖြစ်သည်။ ထိုစဉ်က ဒေါ်စု၏ ကိုယ် အလေးချိန် ၁၀၆ ပေါင် မှ ပေါင် ၉၀ သို့ ကျဆင်း သွားခဲ့သည်။ ဆံပင်ကျွတ်ခြင်း၊ မျက်စိအမြင် ချို့ယွင်းလာခြင်းနှင့် ကိုယ်ခံအားစနစ် ယုတ်လျော့လာခြင်းများ ခံစားခဲ့ရသည်။

 

ထိုအချိန်က ဒေါ်စု အသက် ၄၀ ကျော်ပိုင်းမျှသာ ရှိသေးသော်လည်း ယခု သူ့အသက်က ၆၀ ကျော်သို့ ချဉ်းလာခဲ့ပြီ။ အစာအငတ်ခံမည်ဆိုပါက ကျန်းမာရေး ပို၍ ထိခိုက်ခံစားရဖွယ် ရှိနေသည်။ အသက်ရှင်နိုင်ရုံမျှသာ လျှော့ချစားမည် ဆိုလျင်လည်း ကျန်းမာရေး ပြဿနာများက ပိုကြီးလာနိုင်သည်။

 


 
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 23 - 33 of 83

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 18 ဦး၊ ရောက်ရှိနေပါသည်။