မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
အခြေခံ ဥပဒေ တရားမ၀င်ဟု SSA (တောင်ပိုင်း) ပြောကြား
ပိုစ့်တင်ပေးသူမှာ နေလ   
Wednesday, 11 February 2009

Orginal Post By: ခွပ်ဒေါင်းမြေ

ကိုဝိုင်း | ချင်းမိုင် (မဇ္ဈိမ)။ ။ နအဖ သည် စစ်အာဏာ တည်မြဲရေးအတွက်သာ အစဉ်တစိုက် လုပ်ဆောင်နေပြီး၊ မေလ ဖွဲ့စည်းပုံ ဥပဒေသည် တရားမဝင်ကြောင်း ရှမ်းပြည်တပ်မတော် (တောင်ပိုင်း) SSA-S က ယနေ့ ပြောသည်။

ဝပြည် သွေးစည်းညီညွတ်ရေး ပါတီ၊ ကချင် လွတ်မြောက်ရေးအဖွဲ့ အပါအဝင် အပစ်ရပ်ထားသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို နအဖ က ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲဝင်ရန် အနုနည်း၊ အကြမ်းနည်းများဖြင့် စည်းရုံး သိမ်းသွင်းနေသည့်အပေါ် SSA-S က ဝေဖန် ပြောကြားခြင်း ဖြစ်သည်။

"နအဖ က သူ့ရဲ့ စစ်အာဏာ သက်ဆိုးရှည်ဖို့ ကြိုးစားနေတာ။ တိုင်းရင်းသား အဖွဲ့တွေက သူတို့ရဲ့ နိုင်ငံရေး ဦးတည်ချက်အရ လက်ခံနိုင်မှာ မဟုတ်ဘူးလို့ မြင်တယ်။ နအဖ ရေးထားတဲ့ အခြေခံဥပဒေက ပြည်သူတွေရဲ့ သဘောထားဖြစ်တဲ့ ၁၉၉၀ ခု ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ပါတီတွေရဲ့ သဘောထားမပါဘူး။ အပစ်ရပ်စဲရေးတွေ စုပေါင်းပြီး အခြေခံဥပဒေမှာ ထည့်သွင်းဖို့၊ လိုချင်တဲ့အချက်တွေ တင်ပြတယ်ဆိုပေမယ့် ရတာမရှိဘူး။ ဒီအခြေခံ ဥပဒေကို မူတည်ပြီး ရွေးကောက်ပွဲလုပ်မှာ ဖြစ်လို့ တိုင်းရင်းသားတွေက လက်ခံနိုင်မှာ မဟုတ်ဘူး" ဟု SSA-S လက်ထောက် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ဆိုင်မိန်းက မဇ္ဈိမကို ပြောသည်။

ထို့အပြင် နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရမည်ဟု အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ၏ တောင်းဆိုချက်သည် မြန်မာ့နိုင်ငံရေး ပြဿနာတချို့ ပြေလည်စေရေးအတွက် အရေးကြီးသည့် တောင်းဆိုချက်ဖြစ်ကြောင်း သူက ပြောသည်။

သူက ဆက်၍ "ပြီးတော့ ပြည်တွင်းပြည်ပမှာရှိတဲ့ နိုင်ငံရေး အဖွဲ့အစည်းတွေရော၊ လက်နက်ကိုင် အဖွဲ့အစည်းတွေရော အပေါ်မှာ လွတ်ငြိမ်းချမ်းသာခွင့် ကြေညာချက် ထုတ်ပေးရမယ်။ နောက်တဆင့်မှာ ညွန့်ပေါင်းအစိုးရ ဖွဲ့ပြီးတော့ အခြေခံ ဥပဒေအသစ် ပြန်လည် ရေးဆွဲရမယ်။ ဒါဆိုရင် အဖွဲ့အစည်း အားလုံးကလည်း လက်ခံနိုင်တဲ့ သဘောမျိုးဖြစ်ပြီးတော့ နိုင်ငံရေး ပြဿနာတချို့ ဖြေရှင်းနိုင်မယ်လို့ ယုံကြည်တယ်" ဟု ဆိုသည်။

ယခုလ ၇ ရက်နေ့က ကျရောက်ခဲ့သော ၆၂ နှစ်မြောက် "ရှမ်းပြည်အမျိုးသားနေ့" ကို SSA-S ဌာနချုပ် လွယ်တိုင်းလျဲန်းတွင် SSA-S ၏ နိုင်ငံရေးဦးဆောင် အဖွဲ့ဖြစ်သော ရှမ်းပြည် ပြန်လည်တည်ဆောက်ရေး ကောင်စီ (RCSS) က ဦးစီး ကျင်းပခဲ့သည်။

မြန်မာနိုင်ငံသည် ၁၉၄၈ ခုနှစ်တွင် လွတ်လပ်ရေး ရသော်လည်း ရှမ်းပြည်သူများသည် စစ်မှန်သည့် လွတ်လပ်ရေးမရဘဲ စစ်အာဏာရှင်စနစ်အောက်တွင် ဖိနှပ်ခံနေရဆဲ ဖြစ်ကြောင်းနှင့် လက်ရှိပြည်ထောင်စုသည် အတုအယောင် ပြည်ထောင်စုသာ ဖြစ်ပြီး မိမိတို့ အခွင့်အရေး ရရန်အတွက် စည်းလုံးညီညွတ်မှု လိုအပ်ကြောင်း SSA-S ဥက္ကဋ္ဌ ဗိုလ်မှူးကြီးယွက်စစ်က အဆိုပါပွဲ၌ ပြောကြားခဲ့သည်။

ပွဲသို့ သံဃာတော်များ၊ ရှမ်းလူထုများ၊ SSA-S အဖွဲ့ တာဝန်ရှိသူနှင့် တပ်ဖွဲ့ဝင်များ၊ ပအို့ဝ်အမျိုးသား လွတ်မြောက်ရေးအဖွဲ့ PNLO၊ ဝအမျိုးသားအဖွဲ့ WNO၊ လားဟူအဖွဲ့၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP တို့၏ ကိုယ်စားလှယ်များ စုစုပေါင်း တထောင်ကျော် တက်ရောက်ခဲ့သည်။

source by : http://www.mizzimaburmese.com/news/inside-burma/2400----ssa--.html

 

 
ဂျပန်နိုင်ငံခြားရုံးရှေ့တွင် တောင်းဆိုဆန္ဒပြကြမည်
ပိုစ့်တင်ပေးသူမှာ နေလ   
Tuesday, 10 February 2009

Orginal Post By: ခွပ်ဒေါင်းမြေ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၊ ဦးတင်ဦး ၊ ဦးခွန်ထွန်းဦး ၊၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်များ နှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံး ချွင်းချက်မရှိ အမြန်ဆုံးလွတ်မြောက်ရေး အတွက် ဂျပန်အစိုးရမှ ထိရောက်သည့် ကူညီလုပ်ဆောင်မှုများ ပြုလုပ်လာ ရန်အတွက် ဂျပန်နိုင်ငံရောက် ပြည်ထောင်စုမြန်မာနိုင်ငံသားများ မှ ဂျပန် နိုင်ငံခြားရေး ရုံးရှေ့တွင်တောင်းဆိုဆန္ဒပြကြမည် ဖြစ်ပါသောကြောင့်အောက်ပါအတိုင်း ပူးပေါင်းပါဝင်ပေးကြပါရန် လေးစားစွာဖြင့် ဖိတ်ကြားအပ်ပါသည် ၊

နေ့စွဲ ----- ၁၂ - ၂ - ၂၀၀၉ ( ကြာသာပတေးနေ့ - (၆၂နှစ်မြောက်ပြည်ထောင်စုနေ့ )
အချိန် ----- ညနေ ၃း ၀၀နာရီ မှ ၄း ၀၀ နာရီအထိ
နေရာ ----- KASUMIKASEKI EKI (A-4 , A-8)ထွက်ပေါက်အနီးရှိ ဂျပန်နိုင်ငံခြားရေးရုံးရှေ့

လမ်းညွှန် ----- MARUNOUCHI LINE , HIBIYA LINE , CHIYODA LINE

ဆက်သွယ်ရန် ၊ ၊ ၀၈၀-၁၁၃၇-၀၆၇၂ ။ ၀၈၀-၆၆၇၆-၄၉၈၇ ။ ၀၉၀-၁၆၅၅-၈၇၇၀ ။
၀၉၀-၅၅၂၉-၀၅၆၅ ။ ၀၈၀-၂၀၁၆-၄၇၇၈ ။ ၀၉၀-၃၉၁၇-၆၃၅၄ ။ ၀၈၀- ၆၅၀၇-၃၈၀၇

 

သတင်း ဆန်နီ





  

 
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 February 2009

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ်ပွဲအခမ်းအနားကို ည ၇ နာရီခွဲမှ ည ၈ နာရီခွဲအထိ လမ်းလျှောက်ချီတတ်ဆန္ဒပြခဲ့ကြပါတယ်။AUN Japanမှ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားသို့ တတ်ရောက်လာကြသော ဧည့်ပရိသတ်များကလည်း ယခုလမ်းလျှောက်ပွဲသို့ ပူးပေါင်းပါဝင်ခဲ့ကြတဲ့အတွက် လူဦးရေဟာ ၄၀၀ ကျော်ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။ ယခုလမ်းလျှောက်ပွဲကို Osuka ပန်းခြံမှ Ikebukuro Kumin Center ရှေ့ပန်းခြံအထိ ချီတတ်လမ်းလျှောက် ဆန္ဒပြခဲ့ကြပါတယ်။။

 

 
၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ ဒုတိယပိုင်း ဖျော်ဖြေရေးအစီအစဉ် ဓါတ်ပုံမျာ
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 February 2009

Orginal Post By: AUN Japan

ဒုတိယပိုင်းအနေဖြင့် ဖျော်ဖြေရေး အစီအစဉ်ကို ၄ နာရီမှာ  အခမ်းအနားကို စတင်ခဲ့ပါတယ်.. ရုပ်ရှင်များကိုတော့မနက်ဖြန်တင်ပေးနိုင်အောင်ကြိုးစားပေးပါ့မယ်.. အခုလောလောဆယ်တော့ ဒုတိယပိုင်း ဓါတ်ပုံများကို အားပေးခဲ့ပါဦး..

ဓါတ်ပုံ အပိုင်း ၁

 

ဓါတ်ပုံ အပိုင်း ၂

 

အခမ်းအနားကို ည ၇ နာရီတွင် အောင်မြင်စွာပြီးဆုံးသွားကြောင်းသိရှိရပါတယ်..။ အခမ်းအနားပြီးဆုံးသွားပေမယ့်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသားပါတီများမှ ပူးတွဲထုတ်ပြန်သည့် အထူးကြေငြာချက်အား ထောက်ခံချီတတ်ပွဲကိုလည်း တစ်လက်စထဲ ဧည့်သည်တော်များက ဆက်လက်ချီတတ်ခဲ့ကြပါတယ်..

အထူးကျေးဇူးတင်ရမှာက သတင်းဓါတ်ပုံကို အခမဲ့ကူညီရိုက်ကူးပေးတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ကြီး ၊ AUN Media Group ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့..

LIAN KHAN SUM ( CNC )  အား အထူးပင်ကျေးဇူးတင်ပါကြောင်း ကျွန်တော်ဒီနေရာကနေ ပြောကြားလိုပါတယ်..။

ဆက်လက်ပြီး အခမ်းအနားဖြစ်မြောက်ရေး ကော်မတီရှိ တာဝန်ရှိသူအသီးသီးကိုလည်း အထူးပင်ကျေးဇူးတင်ပါကြောင်း ဒီနေရာမှ မှတ်တမ်းတင်အပ်ပါတယ်...လက်ရှိဓါတ်ပုံများကို မည်သူမဆို အခမဲ့ ကူးယူဖော်ပြနိုင်ပါတယ်..။ဒါပေမယ့်.. ကူးယူခဲ့တဲ့အကြောင်းလေးကိုတော့ ပြောကြားပေး၊ ဖော်ပြပေးစေလိုပါတယ်...။

 

ကျေးဇူးတင်ပါတယ်

နေလ ( AUN Media Group Admin ) ( SND WEB Admin )

 
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 08 February 2009 )
 
၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 February 2009

Orginal Post By: AUN Japan

 

ယနေ့ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၈ ရက်နေ့တွင် ညီညွတ်သောတိုင်းရင်းသားများအဖွဲ့အစည်း AUN Japan မှ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနားကို Minami Osuka Hall တွင် ကျင်းပနေပါသည်။ ( သတင်းကို တိုက်ရိုက်တင်ပို့ပေးနေပါသည် )။ဓါတ်ပုံများကို တိုက်ရိုက် တင်ပေးနေမှာဖြစ်ပါတယ်..အခုအချိန်တွင် ဖိတ်ကြားထားသော တိုင်းရင်းသားခေါင်းဆောင်များမှ မိန့်ခွန်းပြောကြားနေပါတယ်။


 

 

၆၂ နှစ်မြောက် ပြည်ထောင်စုနေ့အခမ်းအနား တိုက်ရိုက်လွင့်ဓါတ်ပုံ အတွဲ ၂ 

 

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 08 February 2009 )
 
ရှမ်းအမျိုးသားနေ့ သ၀ဏ်လွှာ
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 February 2009

Felicitation Letter for Shan National Day by Free Burma Federation

 
 
သျှမ်း/အရှေ့အပစ်ရပ် အဖွဲ့များနှင့် နအဖတပ်အကြား ဆက်ဆံရေးအေးကျဲလာ
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 08 February 2009

နအဖ - စရဖ ညွှန်ချုပ် ဒုဗိုလ်ချုပ်ကြီးရဲမြင့် နှင့် အဖွဲ့ ၏လက်နက်ကြီးအချို့ကို ဂျန္န၀ါရီ ၁၉ ရက်က ပန်ဆန်းမြို့ တွင် အပစ်ရပ် ၀ လုံခြုံရေးတပ်ဖွဲ့ယာယီဖြုတ်ထားသည့်နောက်ပိုင်း ၀ တပ်ဖွဲ့၊ မိုင်းလားတပ်ဖွဲ့ နှင့် နအဖတို့ အကြားဆက်ဆံရေးအေးတိအေးစက် ကျဲလာကာ နှစ်ဘက်စလုံး စစ်ရေးပြင်ဆင်မှု၊ အင်အားဖြည့်တင်းမှု၊  လုံခြုံရေးတင်းကြပ်မှုနှင့် တပ်လှန့်မှု များ ပိုလုပ်လာကြောင်း တရုပ်နယ်စပ်သတင်းရပ်ကွက်ကဆိုသည်။

အသက် ၄၀ ကျော် ကျိုင်းတုံ ကုန်သည်တဦးက - “ကျနော်ရင်းနှီးတဲ့ စစ်ဗျူဟာမှူး တချို့နဲ့ MAS အရာရှိတချို့ ပြောတာက - သူတို့ သွားလာနေကျ မိုင်းလားထိန်းချုပ်နယ်မြေအတွင်း အခုနောက်ပိုင်း အ၀င်အထွက်ကျဲလာတယ်၊ ဆက်ဆံရေး အေးတိအေး စက်ဖြစ်လာတယ်၊ မြောက်ပိုင်း ၀ထိန်းချုပ်နယ်မြေဘက်ဆိုရင် ပိုဆိုးတယ်” - ဟုဆို၏။

မြောက်ဘက် ၀ တပ်ထိန်းချုပ်နယ်မြေတွင်လည်း နအဖ တပ်ဖွဲ့များမဆိုထားနှင့် “အမြဲဝင်ထွက်လေ့ရှိတဲ့ သာမာန်  ဗမာအရပ်သား တွေတောင် ၀ တပ်ဂိတ်မှာ ဖြတ်သန်းရင် အစစ်အဆေး တော်တော်တင်းကြပ်လာတယ်” ဟုပြောပြ၏။  “အရင်တုန်းက ၄-၅ ယောက် စောင့်တဲ့ ၀ တပ် ဂိတ်တွေ အခု အယောက် ၂၀-၃၀ စောင့်လာတယ်”ဟု ကွန်လုံ - ဟိုပန် ကားဆရာတဦးက ပြောပြပါသည်။

ဂျန္န၀ါရီလလယ်ပိုင်းလောက်မှ စ၍ ယခုအထိ NDAA မိုင်းလားအဖွဲ့ တပ်မဟာ ၃၆၉ ထိန်းချုပ် နယ်မြေ၊ UWSA ပန်ဆန်း အဖွဲ့ တပ်မဟာ ၄၆၈ ထိန်းချုပ် နယ်မြေအတွင်းနှင့်  ဗမာစစ်တပ်ထိန်းချုပ်နယ်မြေစပ်ကြား တ၀ိုက်၊ ကျေးရွာများ၌ အထူး လုံခြုံရေး ချပြီး ယခင်ကမလုပ်စဖူး ညဘက်ပတ္ထရောင်လှည့်မှုများ ပိုရှိလာသည်ဟုဆို၏။

ကျိုင်းတုံဒေသခံ လူလတ်ပိုင်းကားဆရာ တဦးကလည်း - “အခုပုံစံက ဗမာစစ်အစိုးရတပ်ဖွဲ့နဲ့ အပစ်ရပ်မိုင်းလားအဖွဲ့၊ UWSA အဖွဲ့တို့အကြား ဆက်ဆံရေးဆိတ်ငြိမ်နေသယောင်ထင်ရပေမဲ့  လျှို့ဝှက်စစ်ရေး အပြိုင်ပြင်ဆင်နေကြတယ်လို့ ကြားတယ်၊ လွန်ခဲ့တဲ့တလလောက်ကစပြီး အေကေ ၄၇ နဲ့အမ် ၂၀ ပစ္စတိုအသစ် အတော်များများထုတ်ပေးတာတွေ ရှိတယ်၊ ဗမာစစ်တပ်ဘက်မှာလည်း မော်ဖှာ့နယ်နဲ့ မိုင်းခတ် မြို့နယ်အတွင်းမှာ တပ်အင်အားတွေ တိုးဖြည့်လာတာတွေ့ ရတယ်” ဟုဆို၏။

ဒု - ဗိုလ်မှူးကြီး အဆင့်ရှိ  UWSA တပ်မှူးတစ်ဦးက  - “၂၀၁၀ ရွေးကောက်ပွဲအတွက် နအဖ စစ်အစိုးရ ပြင်ဆင်နေချိန် မှာ အပစ်ရပ်အဖွဲ့တွေ လက်နက်ချဖို့၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်နေဖို့ ဖိအားပေးတဲ့အပေါ် - ကျနော်တို့ ၀ အဖွဲ့ အနေနဲ့ လက်နက်အပ်နိုင်တဲ့ နည်းလမ်း ၂ ခုဘဲရှိတယ်၊  သေနတ်ဘဲအပ်မလား ကျည်ဆံဘဲပေးရမလားဆိုတာဘဲ” - ဟုပြောပြကြောင်း ကျိုင်းတုံဆိုစ့်ထံမှ ကြားသိရသည်။

 

 
သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှ ၂၀၁၀ ရွေးကောက်ပွဲစဉ်းစားမည်..
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 05 February 2009

သုံးပွင့်ဆိုင်ဆွေးနွေးပွဲဖြစ်မှ ၂၀၁၀ ရွေးကောက်ပွဲစဉ်းစားမည်ဟု ဂမ်ဘာရီကို သျှမ်းဒီချုပ်ပြော

Orginal Post By: ဗုဒ္ဓဟူးနေ့၊ 04 ဖေဖော်ဝါရီလ 2009 သျှမ်းသံတော်ဆင့်

နိုင်ငံရေးအရ စစ်မှန်သောတွေ့ဆုံဆွေးနွေးမှု မလုပ်လျှင် ၂၀၁၀ ရွေးကောက်ပွဲအတွက် စဉ်းစားမည်မဟုတ်ကြောင်း သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD က မစ္စတာဂမ်ဘာရီကို တင်ပြဆွေးနွေးခဲ့သည်ဟု ပြောခွင့်ရ ပုဂ္ဂိုလ်စိုင်းလိတ်က ပြောပါသည်။

ဂျန္န၀ါရီ လ ၃၁ ရက် မှ ဖေဖေါ်ဝါရီလ ၃ ရက်နေ့အထိ ကုလအထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ၏ ၇ ကြိမ်မြောက် မြန်မာပြည် ခရီးစဉ်တွင်  ပထမဆုံးအကြိမ်အဖြစ် စစ်အစိုးရဧည့်ဂေဟာ စိမ်းလဲ့ကန်သာ၌ သျှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် အတွင်းရေးမှူးများအဖွဲ့ဝင်များဖြစ်ကြသော စိုင်းစောအောင်၊ စိုင်းရွှေကျူး၊ စိုင်းတင်လှိုင်တို့အား ယခုလ ၂ ရက်နေ့ က နာရီဝက်ခန့် လက်ခံတွေ့ဆုံခဲ့ကြောင်း၊ ထိုတွေ့ဆုံပွဲ၌SNLD ပြင်ဆင်ထားသောအချက်အလက်များ အားလုံးပြောပြခွင့်ရရှိခဲ့ကြောင်း၊ မစ္စတာ ဂမ်ဘာရီလည်း ကုလအတွင်းရေးချုပ် မစ္စတာဗန်ကီမွန်းနှင့် တွေ့ဆုံလျှင် သော်လည်းကောင်း၊ စစ်အစိုးရအရာရှိများနှင့်တွေ့ဆုံလျှင် သော်လည်းကောင်းSNLD ၏ ပြောဆိုတိုက်တွန်းချက်များကို အစီရင်ခံတင်ပြပေးမည်ဖြစ်ကြောင်း မစ္စတာဂမ်ဘာရီက ကတိပေး သွားခဲ့သည်ဟု ဆို၏။

မစ္စတာ ဂမ်ဘာရီနှင့်တွေ့ဆုံစဉ် တင်ပြဆွေးနွေးခဲ့ရသော အချက်များကို SNLD ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလိတ်က ဤကဲ့သို့ ပြောပြ၏။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 05 February 2009 )
 
SND Japan မှ ၆၂ကြိမ်မြောက် သျှမ်းအမျိုးသားနေ့ သဘောထားထုတ်ပြန်ချက်
ပိုစ့်တင်ပေးသူမှာ နေလ   
Tuesday, 03 February 2009

Statement for Shan Nation Day 2009

 
 
62 Shan State Day
ပိုစ့်တင်ပေးသူမှာ နေလ   
Tuesday, 03 February 2009

၆၂ ကြိမ်မြောက် သျှမ်းပြည်နယ်နေ့ အခမ်းအနားကို သျှမ်းစာပေနှင့်ယဉ်ကျေးမူ့အသင်း ( ဂျပန် ) က ဦးစီးကျင်းပခဲ့ကြောင်း သတင်းရရှိပါတယ်။ ၂၀၀၉ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ ညနေ ၅ နာရီမှ ၉ နာရီအထိ ဂျပန်နိုင်ငံ တိုကျိုမြို့ Ikebukuro ရှိ အကယ်ဒမီ ခန်းမတွင် ကျင်းပခဲ့ရာ ပရိတ်သတ်ပေါင်း  ၂၀၀ကျော်တက်ရောက်ခဲ့ကြောင်းသတင်းရရှိပါတယ်။

 အခမ်းအနားတွင် သျှမ်းရိုးရာ အစားအစာများ၊ သျှမ်းရိုးရာအကများ၊ ကိန္နိရာအက၊ ဓါးသိုင်းအက၊ လမုန်းအက နှင့် သျှမ်းရိုးရာ ၀တ်စုံဖတ်ရှင်ရိုး များနှင့် ကဏ္ဍစုံစုံလင်လင်တင်ဆက် ဖျော်ဖြေဧည့်ခံခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ဂျပန်နိုင်ငံတွင် ၁၆ ကြိမ်မြောက်ကျင်းပပြီးစီးခဲ့ပါပြီ။ နှစ်စဉ်နှစ်တိုင်း ကျင်းပခဲ့ကြတဲ့ ဒီလိုနေ့ ဒီလိုရက်ကိုရောက်ပြီဆိုရင် သျှမ်းပြည်ရဲ့ အငွေ့အသက်လေးများနဲ့ မွေးရပ်မြေသျှမ်းပြည်အလွမ်းပြေဖြေသိမ့်ကြတဲ့ဂျပန်ရောက် သျှမ်းပြည်နယ် နယ်ပေါင်းစုံမှ ရောက်လာသူများအတွက်ပျော်ပွဲလေးတစ်ခုပါပဲ။ သျှမ်းရိုးရာအစားအစာကို အထူးခုံမင်ပြီးတကူးတကလာကြတဲ ဂျပန်ပရိတ်သတ်ကလဲ များမှများ။ ပွဲကို ကဏ္ဍစုံလင်စွာတင်ဆက်ပေးခဲ့တာကြောင့် အားလုံးပျော်ပျော်ရွင်ရွင်နဲ့ အခမ်းအနားကို အောင်မြင်စွာရုတ်သိမ်းနိုင်ခဲ့ကြောင်း သတင်းရရှိပါတယ်။ ထူးခြားချက်ကတော့နှစ်စဉ်ကျင်းပခဲ့တာတွေနဲ့ မတူ တမူထူးခြားအောင်“ မန္တလာ ကာလာအိုကေနှင့် DJ” မှ DJ စက်ကို အခမဲ့ အားဖြည့်ကူညီခဲ့ပြီး DJ Ke Ke မှ လက်စွမ်းပြ တင်ဆက်ခဲ့ပါတယ်..။

 

 
နောက်ထပ် အကြောင်းအရာများ ...
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 12 - 22 of 83

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း

ရောက်ရှိနေသူစာရင်းမှာ။ ။ ဧည်သည် 20 ဦး၊ ရောက်ရှိနေပါသည်။