မြန်မာစာအတွက် >>> ဇော်ဂျီ

Free Zaw Gyi Font- Get It Here!



ပြောစရာရှိတာပြောခဲ့ပါ





အသင်းဝင်များသာ






Lost Password?
No account yet? Register
၂၁နှစ်ပြည့် ၈၈၈၈ အရေးတော်ပုံချီတတ်ပွဲ ဂျပန်တိုကျို
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 09 August 2009

ဂျပန်နိုင်ငံတိုကျိုမြို့တွင် သြဂုတ်လ ၈ ရက်နေ့တွင်(၈၈၈၈)အရေးတော်ပုံ၏ ၂၁ နှစ်ပြည့်အဖြစ် လမ်းလျှောက်ချီတတ်ပြခဲ့ကြပါတယ်.. Godanta ပန်းခြံမှ Shinagawa ရှိ မြန်မာစစ်ခွန်ရုံးအနီးနားရှိ ပန်းခြံအထိ လမ်းလျှောက်ချီတတ်ပြခဲ့ကြပါတယ်.. စုစုပေါင်း ဒီမိုကရေစီအင်အား ၁၀၀၀ ကျော်ခန့်တတ်လျှောက်ဆန္ဒပြခဲ့ကြပါတယ်။

 

Photo By: Lian Khan Sum ( CNC Japan )

 

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Sunday, 09 August 2009 )
 
The Report of Tea Problem July 2009
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 26 July 2009

The Report of Tea Problem July 2009  

 
အသင်း၏ ၆ လပတ်ညီလာခံ
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 20 July 2009

 

ယနေ့တွင် အာဇာနည်နေ့နှင့်အတူ SND Japan အသင်း၏ ၆ လပတ်ညီလာခံ နှင့်တိုက်ဆိုင်လျှက်ရှိပါတယ်။ မနက်ပိုင်းတွင် AUN Japan မှ ကြီးမှုးကျင်းပသော လပတ်အစည်းအဝေးနှင့် အာဇာနည်နေ့ ဟောပြောပွဲသို့လည်း သျှမ်းတိုင်းရင်းသားများကိုယ်စား SND Japan မှ တတ်ရောက်ခဲ့ပါတယ်။ ညနေပိုင်းမှာတော့...

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 20 July 2009 )
 
မမေ့သင့်သော အာဇာနည်နေ့
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 20 July 2009

အာဇာနည်ဗိမာန်


သြော် အဆောင်ဆောင်နန်းတွေ ကြငှန်းတွေနှင့်နှော
အခေါင်မမြန်းခင်က
အောင်စာတန်း ချို့စေဖို့၊ အောင်ပန်းညို့ရရှာတဲ့
တောင်တမန်း တို့ဗမာမှာ အဟောင်းသံသရာ အငုတ်တွေနှင့်
အောင်ဆန်းတို့ မသာမယာဟာ ၎င်းကံကြမ္မာ အလုပ်ပေဆင့်
သောင်းမြန်းမရဏာ စမုတ်မှာတော့ ချုပ်သနဲ့ယင်းအလိုတွင်
ဒေါင်းလံ ပ၀ါအုပ်ပါလို့ ကျုပ်ဖြင့် သဂြိုလ်ချင်။

 
ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့
ပိုစ့်တင်ပေးသူမှာ နေလ   
Saturday, 20 June 2009

အမေစု.. ကျမ်းမာပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

ယနေ့တွင် ဂျပန်နိုင်ငံ ရှိဘူယ ရှိ UN ရုံးရှေ့တွင် ဒေါ်အောင်ဆန်းစုကြည်၏ ၆၄ နှစ်မြောက် မွေးနေ့ကို ကျင်းပခဲ့ပါတယ်။
ဘုန်းကြီး ၅ ပါးကြွချီပြီး.. ဆုတောင်းပေးခဲ့ပါတယ်။ ဒီမိုကရေစီအင်အားစု အယောက် ၂၀၀ နီးပါး တတ်ရောက်ခဲ့ပါတယ်။

 
June လ ၉ ရက်နေ့ ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် တောင်းဆို ..
ပိုစ့်တင်ပေးသူမှာ နေလ   
Wednesday, 10 June 2009

 ၉ ရက်နေ့ရောက်တိုင်း ကျွန်တော်တို့ရဲ့ သျှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦးလွတ်မြောက်ဖို့အတွက် တောင်းဆိုဆန္ဒပြခဲ့ကြပါတယ်။ ဂျပန်နိုင်ငံ ရှိဘုယရှိ မြန်မာအခွန်ရုံးရှေ့တွင် ညနေ ၃ နာရီမှ ၄ နာရီအထိ ပြုလုပ်ခဲ့ပြီး အခမ်းအနားကို တတ်ရောက်လာကြသော ဒီမိုကရေစီအင်အားစုများက စကားအသီးသီးပြောကြပြီး ကြွေးကြော်သံများကို ကြွေးကြော်ကြပြီး အခမ်းအနားကို ရုတ်သိမ်းလိုက်ပါတယ်။ ယနေ့ အခမ်းအနားကို ဒီမိုကရေစီအင်အားစု အဖွဲ့ဝင်ပေါင်း အယောက် ၉၀ နီးပါး တတ်ရောက်ခဲ့ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်၊ ဦးတင်ဦး၊ ဦးခွန်ထွန်းဦး နှင့် အကျဉ်းချခံထားရသော နိုင်ငံရေးအကျဉ်းသားများအားလုံ ချက်ခြင်းလွတ်။

 

 
ပင်လုံသက်သေ မွေခံထိုက်စေ
ပိုစ့်တင်ပေးသူမှာ နေလ   
Friday, 05 June 2009

ဆောင်းပါးရှင် - ဗိုလ်ထက်မင်း (ခေတ်ပြိုင် ၀က်ဘ်ဆိုဒ်မှ ကူးယူဖော်ပြပါသည်)


နအဖဟာ အပစ်ရပ် ငြိမ်းအဖွဲ့တပ်တွေကို နယ်ခြားစောင့်တပ်အဖြစ် ပြောင်းလဲဖွဲ့စည်းဖို့ စီစဉ်ရာမှာ အသွင်ကူးပြောင်းရေး လုပ်ငန်းများနှင့် ပတ်သက်ပြီး “အသွင်ကူးပြောင်းရေး မူဝါဒကော်မတီကို” တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဥက္ကဋ္ဌ၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်က ဒုတိယဥက္ကဋ္ဌ၊ အဖွဲ့ဝင်များအဖြစ် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ)၊ နိုင်ငံတော်ဝန်ကြီးချုပ်၊ အတွင်းရေးမှူး (၁)၊ နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဝင် အဖွဲ့ဝင်များက ပါဝင်ဆောင်ရွက်ကြမည့်အပြင် တပ်မတော်စစ်ဘက်ရေးရာ လုံခြုံရေး အရာရှိချုပ်၊ အတွင်းရေးမှူးနှင့် ညွှန်ကြားရေးမှူး၊ ပြည်သူ့စစ်နှင့် နယ်ခြားတပ်များ ညွှန်ကြားရေးမှူးရုံး၊ တွဲဖက်အတွင်းရေးမှူးများဖြင့် ပါဝင်ဖွဲ့စည်းထားပါတယ်။ အဲဒီလို ဖွဲ့စည်းထားတာကိုကြည့်ရင် နအဖအနေနဲ့ အပစ်ရပ် တိုင်းရင်းသားတွေအပေါ်မှာ သတိထားကိုင်တွယ် နှိပ်ကွပ်မယ့်သဘော တွေ့ရပါတယ်။ 

 
ဒီပဲယင်း၆နှစ်ပြည့်အခမ်းအနား ဂျပန်နိုင်ငံတွင်ကျင်းပ
ပိုစ့်တင်ပေးသူမှာ နေလ   
Monday, 01 June 2009

 မေ(၃၀)ဒီပဲယင်း နိုင်ငံတော်လုပ်ကြံမူ့ကြီး ၆ နှစ်ပြည့်အခမ်းအနားကို ဂျပန်နိုင်ငံရှိ နအဖစစ်ခွန်ရုံးရှေ့တွင် ညနေ၃နာရီမှ ၅နာရီအထိကျင်းပခဲ့ပါသည်။ အခမ်းအနားတွင် ဒီပဲယင်းတွင်ကျဆုံးသွားသော ရဲဘော်အပေါင်းတို့အတွက် ၀မ်းနည်းခြင်းအဖြစ် ပန်းစည်းများချခဲ့ပါသည်။

ယနေ့ပြုလုပ်သော ဒီပဲယင်း ၆နှစ်ပြည့်အခမ်းအနားတွင် တတ်ရောက်လာကြသော နိုင်ငံရေးအဖွဲ့အစည်းများနှင့်အတူ မြန်မာအရေးကို အမြဲတမ်းလိုက်ပါကူညီပေးနေသော ဂျပန်အဖွဲ့အစည်းမှ တာဝန်ရှိပုဂ္ဂိုလ်များက ၀မ်းနည်းခြင်းနှင့်အတူ မြန်မာနိုင်ငံဒီမိုကရေစီရသည်အထိ အတူတကွ ကြိုးစားသွားမည်ဖြစ်ကြောင်းကို ပြောကြားခဲ့ကြပါသည်။ ယနေ့အခမ်းအနားကို လူအင်အား၂၀၀ ကျော် တတ်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

Photo By: Lian Khan Sum ( CNC Japan )

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 01 June 2009 )
 
NLD (LA-JB) မှရွေးကောက်ပွဲအနိုင်ရ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့
ပိုစ့်တင်ပေးသူမှာ နေလ   
Thursday, 28 May 2009

ယနေ့ ဂျပန်နိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၏ ရွေးကောက်ပွဲအနိုင်ရ (၁၉)နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ်အခမ်းအနားတစ်ခု ကျင်းပခဲ့ပါတယ်။ တိုင်းရင်းသား အဖွဲ့အစည်းများနှင့် ဒီိမိုကရေစီလှုပ်ရှားသူများအားလုံးပူးပေါင်းပါဝင်ခဲ့ကြပြီး လူအင်အား ၆၀၀ နီးပါလောက် တတ်ရောက် လမ်းလျှောက်ချီတတ်ခဲ့ကြကြောင်း သတင်းရရှိပါတယ်..။

နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Thursday, 28 May 2009 )
 
ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ဖို့အတွက် တောင်းဆိုချီတတ်ဆန္ဒပြပွဲ
ပိုစ့်တင်ပေးသူမှာ နေလ   
Sunday, 24 May 2009

 ဒီကနေ့မှာ ဂျပန်နိုင်ငံတွင်းမှာ ရောက်ရှိနေကြတဲ့ မြန်မာနိုင်ငံသားများက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ပေးရန်အတွက် တောင်းဆိုဆန္ဒပြ လမ်းလျှောက်ပွဲပြုလုပ်ခဲ့ပါတယ်။ Ebisu ဘူတာအနီးမှာရှိတဲ့ ပန်းခြံကနေစပြီး Sentagaya ပန်းခြံအထိ လမ်းလျှောက်ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။ ညနေ ၃ နာရီ အချိန်လောက်ကနေစပြီး Ebisu ပန်းခြံကို ဒီမိုကရေစီ အင်အားစုများက တစ်ဖွဲ့ပြီးတစ်ဖွဲ့စုရုံးရောက်ရှိလို့လာပါတယ်။ ၃ နာရီ ခွဲလောက်မှာ ဒီမိုကရေစီအင်အားစုအဖွဲ့အချို့မှ မိန့်ခွန်းများပြောကြားပြီး ၄ နာရီ လောက်မှာ လမ်းလျှောက်ချီတတ်ပွဲစခဲ့ပါတယ်။။ တစ်လမ်းလုံး " Free Free Aung San Su Kyi " လို့ ကြွေးကြော်သံများနဲ့ တောင်းဆိုခဲ့ကြပါတယ်.. ဒီနေ့လမ်းလျှောက်တောင်းဆိုဆန္ဒပြပွဲ မြင်ကွင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်...

Free Free Aung San Su Kyi

 

Photo By: Lian Khan Sum ( CNC Japan )

 

Interview By: Nay La
နောက်ဆုံးပြုပြင်ခဲ့သည့် အချိန်မှာ ( Monday, 25 May 2009 )
 
<< Start < Prev 1 2 3 4 5 6 7 8 Next > End >>

Results 1 - 11 of 83

:::... အလည်လာကြသူများ ...:::



free hit counter code
free url submission

ဧည့် စာရင်း